ထိုသူသည် ဉာဏ်ထက်မြက်သူတစ်ဦးဖြစ်သည့် အုပ်ချုပ်ရေးမှူးသေရဂိပေါလုနှင့်အတူရှိနေ၏။ ထိုအုပ်ချုပ်ရေးမှူးသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ကြားနာလို၍ ဗာနဗနှင့်ရှောလုတို့ကို ဖိတ်ခေါ်လေ၏။
တမန်တော်ဝတ္ထု 28:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာအနီးတွင် ပုဗလိဟုအမည်ရှိသောကျွန်းသူကြီး၏မြေကွက်များရှိ၏။ သူသည် ငါတို့ကိုလက်ခံ၍ သုံးရက်တိုင်တိုင် ကောင်းစွာဧည့်ခံလေ၏။ Common Language Bible ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။- Garrad Bible ထို အ ရပ် အ နီး လယ် ယာ ပိုင် သော ပု ဗ လိ ဆို သူ ကျွန်း စား သည် ငါ တို့ ကို လက် ခံ ပြီး လျှင်၊ သုံး ရက် ဧည့် ဝတ် ပြု၏။ Judson Bible ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ အနီးတစ်ဝိုက်တွင် ကျွန်းသူကြီး ပုဗလိပိုင်သည့် မြေကွက်များရှိ၏။ ထိုသူသည် ကျွန်ုပ်တို့ကို ကြိုဆိုလက်ခံ၍ သုံးရက်တိုင် ကောင်းမွန်စွာဧည့်ခံ၏။ |
ထိုသူသည် ဉာဏ်ထက်မြက်သူတစ်ဦးဖြစ်သည့် အုပ်ချုပ်ရေးမှူးသေရဂိပေါလုနှင့်အတူရှိနေ၏။ ထိုအုပ်ချုပ်ရေးမှူးသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ကြားနာလို၍ ဗာနဗနှင့်ရှောလုတို့ကို ဖိတ်ခေါ်လေ၏။
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
ပေါလုစီးနင်းရန် တိရစ္ဆာန်များကိုလည်း အသင့်ပြင်ထားလျက် သူ့ကို ဘုရင်ခံဖေလဇ်မင်းထံ ဘေးကင်းစွာပို့ဆောင်လော့”ဟု မှာကြားလေ၏။
ကျွန်းသားတို့သည် ငါတို့အား ထူးခြားသောချစ်ခင်ကြင်နာမှုကိုပြသကြ၏။ မိုးရွာ၍ချမ်းအေးသောကြောင့် သူတို့သည် မီးဖိုလျက် ငါတို့အားလုံးကို လက်ခံကြိုဆိုကြ၏။
ကျွန်းသားတို့က သူသည် ယောင်လာတော့မည်၊ သို့မဟုတ် ရုတ်တရက်လဲကျ၍ သေဆုံးလိမ့်မည်ဟုဆိုလျက် စောင့်ကြည့်နေကြ၏။ သို့သော် ကြာမြင့်စွာစောင့်ကြည့်နေသော်လည်း မကောင်းသည့်လက္ခဏာတစ်စုံတစ်ခုမျှ သူ၌မဖြစ်သည်ကို မြင်ကြသောအခါ သူတို့သည် စိတ်ပြောင်းသွား၍ ဤသူကား ဘုရားဖြစ်သည်ဟုဆိုကြ၏။
ပုဗလိ၏ဖခင်သည် အဖျားအနာနှင့်ဝမ်းကိုက်ရောဂါခံစားရလျက် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့ဝင်ပြီး ဆုတောင်းပေးကာ သူ့အပေါ်လက်တင်၍ သူ့ကိုကျန်းမာစေ၏။
သားသမီးများကိုပြုစုစောင့်ရှောက်ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲဒုက္ခခံရသူများကိုကူညီစောင့်ရှောက်ခြင်း၊ ကောင်းသောအမှုရှိသမျှတို့ကိုပါဝင်လုပ်ဆောင်ခြင်း စသည့်ကောင်းသောအမှုများကြောင့် ချီးကျူးခံရသူဖြစ်ရမည်။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။