သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
တမန်တော်ဝတ္ထု 22:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အကျွန်ုပ်ခရီးသွား၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။ Common Language Bible ``အကျွန်ုပ်သည်ခရီးသွားနေစဉ်ဒမာသက် မြို့အနီးသို့ရောက်သောအခါမွန်းတည့်အချိန် ခန့်တွင် ကောင်းကင်မှအလင်းရောင်ကြီးတစ်ခု သည် ရုတ်တရက်အကျွန်ုပ်ပတ်လည်တွင်ထွန်း တောက်သဖြင့်၊- Garrad Bible ဒ မာ သက် မြို့ သို့ ခ ရီး သွား ၍ အ နီး သို့ ရောက် သော် မွန်း တည့် အ ချိန် ခန့် ငါ့ ပတ် လည် တွင် ကောင်း ကင် မှ ကြီး စွာ သော အ လင်း ရုတ် တ ရက် တောက် ပ သ ဖြင့်၊ Judson Bible လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရီးသွား၍ မွန်းတည့်ချိန်ခန့်တွင် ဒမတ်စကပ်မြို့အနီးသို့ ရောက်သောအခါ ကောင်းကင်မှ အလွန်တောက်ပသောအလင်းရောင်သည် ကျွန်ုပ်၏အနီးပတ်လည်တွင် ရုတ်တရက် ထွန်းတောက်လာ၏။ |
သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။
ဆီးရီးယားပြည်၊ ဒမတ်စကပ်မြို့တွင် မြို့စောင့်တပ်များကိုချထားခဲ့၏။ ဆီးရီးယားလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံများဖြစ်လာပြီး အခွန်ဆက်သရ၏။ ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးစစ်ချီသွားလေရာရာ၌ အောင်ပွဲရစေတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။
ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့အဖွဲ့မှ ကျမ်းပြုဆရာအချို့တို့သည်ထ၍ “ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ်၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးပါးက သူ့အားမြွက်ဆိုခဲ့သည်ဆိုလျှင် မည်သို့နည်း”ဟု ပြင်းထန်စွာငြင်းခုံပြောဆိုကြ၏။
နောက်ဆုံးတွင် အချိန်မတော်မတန်မွေးလာသောသူနှင့်တူသည့် ငါ့ထံလည်း ထင်ရှားပြတော်မူ၏။
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။