Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 22:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ဤ​အကြောင်း​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​မင်း​နှင့် လူကြီး​အဖွဲ့ဝင်​အပေါင်း​တို့​သည် အကျွန်ုပ်​အတွက် သက်သေခံ​ပေး​နိုင်​ပါ​သည်။ အကျွန်ုပ်​သည် သူ​တို့​ထံမှ ဒမတ်စကပ်​မြို့​ရှိ​ညီအစ်ကို​များ​ထံသို့ ရေးသား​သည့်​စာ​များ​ကို​ယူ​လျက် ထို​အရပ်​၌​ရှိ​သော သူ​တို့​ကို​လည်း ချည်နှောင်​၍ ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​ကာ ပြစ်ဒဏ်​ပေး​ရန်​အတွက် ထို​မြို့​သို့ ထွက်သွား​ခဲ့​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 အ​ကျွန်ုပ်​ပြော​ဆို​သည်​အ​တိုင်း​မှန်​ကန်​ကြောင်း ကို ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​က​သက်​သေ ခံ​နိုင်​ကြ​ပါ​၏။ အ​ကျွန်ုပ်​သည်​ထို​သူ​တို့​ထံ မှ​ဒ​မာ​သက်​မြို့​နေ ယု​ဒ​ညီ​အစ်​ကို​ထံ​သို့ ရေး​ပေး​လိုက်​သည့်​အ​မှာ​စာ​များ​ကို​ရ​ယူ ၏။ ထို​နောက်​ထို​လမ်း​စဉ်​တော်​ကို​လိုက်​လျှောက် သူ​တို့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ငှာ​ဖမ်း​ဆီး ချည်​နှောင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​ဆောင် လာ​ရန်​ဒ​မာ​သက်​မြို့​သို့​ထွက်​ခွာ​သွား​ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ယဇ်ပုရောဟိတ်မင်း​နှင့် တရားလွှတ်တော်​အကြီးအကဲ​အားလုံး​က ဤ​အကြောင်းအရာများ မှန်ကန်ကြောင်း သက်သေခံ​ပေးနိုင်ကြ၏။ ကျွန်ုပ်​သည် ဒမတ်စကပ်မြို့​တွင် ရှိသော​ဂျူး​ညီအစ်ကိုများ​ထံသို့ ရေးပေးလိုက်သော​စာများ​ကိုလည်း သူတို့​ထံမှ ရယူ၏။ ထိုမြို့​၌ ရှိသော​သူတို့​ကိုလည်း ဖမ်းဆီး​၍ ဂျေရုဆလင်မြို့​သို့ ခေါ်ဆောင်လာ​ကာ အပြစ်ဒဏ်ပေး​ရန်​အတွက် ဒမတ်စကပ်မြို့​သို့ ထွက်သွားခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 22:5
21 ပူးပေါင်းရင်းမြစ်များ  

မိုးလင်း​သောအခါ လူထု​ထဲမှ လူကြီး​အဖွဲ့ဝင်​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် စုဝေး​ကြ​၍ ကိုယ်တော်​ကို မိမိ​တို့​၏​တရား​လွှတ်တော်​ထံသို့ ခေါ်ဆောင်​သွား​ပြီးလျှင်


ထို​နေ့ရက်​များ​၌ အရေအတွက်​အားဖြင့် တစ်ရာ့​နှစ်ဆယ်​ခန့်​ရှိ​သော​ညီအစ်ကို​တို့​သည် တစ်နေရာတည်း​တွင် စုဝေး​ကြ​ရာ ပေတရု​သည် သူ​တို့​အလယ်​၌​ထ​၍


အာဗြဟံ​၏​အမျိုးအနွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲမှ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ညီအစ်ကို​တို့၊ ဤ​ကယ်တင်​ခြင်း​သတင်း​စကား​သည် ငါ​တို့​ထံသို့ ပေးပို့​ခြင်း​ခံရ​၏။


ညီအစ်ကို​တို့၊ မျိုးနွယ်စု​ဖခင်​ဖြစ်​သော​ဒါဝိဒ်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​အတိအလင်း​ပြောဆို​နိုင်​သည်​မှာ သူ​သည်​သေလွန်​၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​ပြီး သူ​၏​သင်္ချိုင်း​ဂူ​သည် ယနေ့​တိုင်အောင် ငါ​တို့​အရပ်​၌​ရှိ​၏။


“ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ ယခု သင်​တို့​ရှေ့၌ အကျွန်ုပ်​ချေပ​ပြောဆို​သော​စကား​ကို နားထောင်​ကြ​ပါ”​ဟု ဆို​၏။


ပေါလု​သည် တရား​လွှတ်တော်​အဖွဲ့​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​၌ ကြည်လင်​သော​အသိစိတ်​အပြည့်အဝ​ဖြင့် ပြုမူ​နေထိုင်​ခဲ့​သည်”​ဟု ဆို​၏။


ထို​သူ​တို့​ထဲတွင် တစ်​ဖွဲ့​မှာ ဇဒ္ဒုကဲ​များ​ဖြစ်​ကြ​ပြီး အခြား​တစ်​ဖွဲ့​မှာ ဖာရိရှဲ​များ​ဖြစ်​ကြ​သည်​ကို ပေါလု​သိမြင်​လျှင် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ဖာရိရှဲ​တစ်​ဦး​ဖြစ်​ပြီး ဖာရိရှဲ​၏​သား​လည်း ဖြစ်​ပါ​သည်။ အကျွန်ုပ်​သည် သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​ကြောင့် စစ်ဆေး​စီရင်​ခံ​နေ​ရ​ပါ​သည်”​ဟု တရား​လွှတ်တော်​ရှေ့တွင် အော်ဟစ်​ပြောဆို​လေ​၏။


ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။


ဝတ်ပြု​စည်းဝေး​ကျောင်း​တိုင်း​တွင်​လည်း သူ​တို့​ကို မကြာခဏ​ပြစ်ဒဏ်​ပေး​လျက် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​ရန် အတင်းအကျပ်​စေခိုင်း​ခဲ့​ပါ​သည်။ ထိုမျှမက သူ​တို့​အပေါ် အလွန်​ဒေါသ​ထွက်​၍ တိုင်းတစ်ပါး​မြို့​များ​သို့​တိုင်အောင် သူ​တို့​ကို လိုက်လံ​ညှဉ်းဆဲ​ခဲ့​ပါ​သည်။


ဤသို့ဖြင့် အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၏​ခွင့်ပြု​ချက်​နှင့်​အခွင့်​အာဏာ​တို့​ပါလျက် ဒမတ်စကပ်​မြို့​သို့​သွား​စဉ်


သုံး​ရက်​လွန်​သောအခါ ပေါလု​သည် ဂျူး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​ကို​ဖိတ်ခေါ်​၍ စုဝေး​စေ​၏။ သူ​တို့​စုဝေး​လာ​ကြ​သောအခါ ပေါလု​က “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် မိမိ​လူမျိုး​ကို​လည်းကောင်း၊ ဘိုးဘေး​တို့​၏​ဓလေ့​ထုံးစံ​များ​ကို​လည်းကောင်း ဆန့်ကျင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဂျေရုဆလင်​မြို့​တွင် အကျဉ်းသား​အဖြစ် ရောမ​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။


ထိုအခါ သူ​တို့​က “ငါ​တို့​သည် ယုဒ​ပြည်​မှ သင့်​အကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်လာ​သော ညီအစ်ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်သက်​သည့် မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို သတင်းပို့​သော​သူ​၊ သို့မဟုတ် ပြောဆို​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အကြီးအကဲ​များ​နည်းတူ မသိနားမလည်​သောကြောင့် ထိုသို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။


နောက်တစ်နေ့​၌ သူ​တို့​၏​အကြီးအကဲ​များ၊ သက်ကြီးဝါကြီး​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ဂျေရုဆလင်​မြို့​၌​စုဝေး​ကြ​၏။


တမန်တော်​တို့​သည်​လည်း​ကြား​လျှင် အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် ရောက်လာ​ကြ​သောအခါ တရား​လွှတ်တော်​နှင့် အစ္စရေး​အမျိုးသား​တို့​၏​လူကြီး​အဖွဲ့​အားလုံး​တို့​ကို စုရုံး​စေ​ပြီးလျှင် တမန်တော်​တို့​ကို​ခေါ်လာ​ရန် အစောင့်​တပ်သား​တို့​ကို ထောင်​ခန်း​သို့​စေလွှတ်​လိုက်​ကြ​၏။


ဤ​အရပ်​၌​လည်း ကိုယ်တော်​၏​နာမ​တော်​အား ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​ကို​ချည်နှောင်​ထား​ရန် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို သူ​ရရှိ​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။


ဂျူး​ဘာသာဝင်​အဖြစ် ငါ​အသက်ရှင်​နေထိုင်​ခဲ့​စဉ်​အခါ​က ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို အတိုင်း​ထက်​အလွန်​ညှဉ်းဆဲ​၍ ထို​အသင်းတော်​ကို ဖျက်ဆီး​ရန်​ကြိုးစား​ခဲ့​သည်​ကို​လည်းကောင်း၊


စိတ်အား​ထက်သန်​မှု​အရ​ဆို​လျှင် အသင်းတော်​ကို​ညှဉ်းဆဲ​သော​သူ၊ ပညတ်​တရား​အားဖြင့်​ရရှိ​သော​ဖြောင့်မတ်​ခြင်း​အရ​ဆို​လျှင် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​၏။


အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ