အဒေါနိယနှင့် ဖိတ်ခေါ်ထားသောသူအားလုံးတို့သည်လည်း စားသောက်ပြီးချိန်တွင် ထိုအသံကို ကြားလေ၏။ ယွာဘကလည်း တံပိုးမှုတ်သံကိုကြားလျှင် “မြို့ထဲမှဆူညံသံကား အဘယ်နည်း”ဟု မေး၏။
တမန်တော်ဝတ္ထု 21:31 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ပေါလုကိုသတ်ရန် ကြိုးစားနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟူသောသတင်းသည် တပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။ Common Language Bible သူတို့သည်ပေါလုကိုသတ်ရန်ကြိုးစားနေ စဉ်ရောမတပ်မှူးသည် ယေရုရှလင်မြို့တစ် မြို့လုံးရုံးရင်းဆန်ခတ်ဖြစ်လျက်နေသည် ဟုသတင်းရသဖြင့်၊- Garrad Bible ပေါ လု ကို သတ် မည် ပြု ကြ စဉ် ယေ ရု ရှ လင် တစ် မြို့ လုံး အုတ် အုတ် သဲ သဲ ဖြစ် ကြောင်း ကို ထောင် တပ် ဗိုလ် ချုပ် ထံ သ တင်း ရောက် သ ဖြင့်၊ Judson Bible ပေါလုကိုသတ်မည်ဟု အားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တစ်မြို့လုံး မငြိမ်မသက် ရုန်းရင်းခတ်မျှဖြစ်သည်ဟု လူတစ်ထောင်ကို အုပ်ချုပ်သော စစ်သူကြီးသည် သတင်းကြားလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ပေါလုကိုသတ်ရန် ကြိုးပမ်းနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသောသတင်းသည် ရောမတပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။ |
အဒေါနိယနှင့် ဖိတ်ခေါ်ထားသောသူအားလုံးတို့သည်လည်း စားသောက်ပြီးချိန်တွင် ထိုအသံကို ကြားလေ၏။ ယွာဘကလည်း တံပိုးမှုတ်သံကိုကြားလျှင် “မြို့ထဲမှဆူညံသံကား အဘယ်နည်း”ဟု မေး၏။
သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ယေရှုကို ရုံးတော်အတွင်းသို့ခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကိုယ်တော်ထံစုဝေးစေကာ
သို့သော် သူတို့က “လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။
သို့ရာတွင် ဂျူးလူမျိုးတို့သည် မနာလိုကြသောကြောင့် လူဆိုးအချို့ကို ဈေးအရပ်မှ ခေါ်ယူစုဝေးစေပြီးလျှင် မြို့ကိုရုတ်ရုတ်သဲသဲဖြစ်စေကာ ယာသုန်၏အိမ်ကိုဝိုင်း၍ ပေါလုနှင့်သိလတို့ကို လူစုလူဝေးရှေ့သို့ ထုတ်ဆောင်ရန် ရှာဖွေကြ၏။
ယနေ့ဖြစ်ခဲ့သောအမှုနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ခုမျှမရှိသောကြောင့် ငါတို့သည် ဆူပူအုံကြွမှုအတွက် စွဲဆိုခံရမည်ဟုစိုးရိမ်ရ၏။ ငါတို့သည် ဤပူးပေါင်းကြံစည်မှုအတွက် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်”ဟု ဆိုလျက်
သို့ဖြစ်လျှင် သင်သည် ဤနေ့များမတိုင်မီက ပုန်ကန်ထကြွလျက် အကြမ်းဖက်သမားလေးထောင်ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည့် အီဂျစ်အမျိုးသားမဟုတ်လော”ဟု မေးလေ၏။
လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ”ဟု ဆိုကြ၏။
ထိုအခါ ပေါလုသည် တပ်မှူးတစ်ယောက်ကိုခေါ်၍ “ဤလူငယ်သည် တပ်မှူးကြီးအား ပြောပြစရာတစ်စုံတစ်ခုရှိပါသဖြင့် သူ့ကို တပ်မှူးကြီးထံ ခေါ်သွားပေးပါ”ဟု ဆိုလေ၏။
ဖေလဇ်မင်းသည် ထိုတရားလမ်းအကြောင်းကို တိကျသေချာစွာသိထားသောကြောင့် “တပ်မှူးကြီးလုသိရောက်လာသောအခါ သင်တို့အမှုကို ငါစစ်ဆေးမည်”ဟု ဆိုလျက် အမှုကိုရွှေ့ဆိုင်းလိုက်လေ၏။
သူသည် ဗိမာန်တော်ကိုလည်း မတော်မလျော်ပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီးခဲ့ပါသည်။
[ထို့နောက် သူ့ကို အကျွန်ုပ်တို့၏ပညတ်တရားအတိုင်း စီရင်မည်ပြုစဉ် တပ်မှူးကြီးလုသိသည် ဝင်လာ၍ သူ့ကို အကျွန်ုပ်တို့လက်ထဲမှ မရမကခေါ်ယူသွားပြီး သူ့ကိုစွပ်စွဲသောသူတို့အား အရှင့်ထံသို့လာရန် အမိန့်ပေးခဲ့ပါသည်။]
နောက်တစ်နေ့တွင် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ်သောအဆောင်အယောင်ဖြင့် တပ်မှူးကြီးများ၊ ထိုမြို့၏အရေးပါပုဂ္ဂိုလ်များနှင့်အတူကြွလာ၍ ညီလာခံခန်းမထဲသို့ဝင်ကြ၏။ ထိုအခါ ဖေတ္တုမင်းသည် အမိန့်ပေးသဖြင့် ပေါလုကိုခေါ်ထုတ်လာကြ၏။
ဤအကြောင်းများကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်၌ဖမ်းဆီး၍ သတ်ရန်ကြိုးစားခဲ့ကြသည်။