သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
တမန်တော်ဝတ္ထု 12:9 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည် ထွက်၍ လိုက်သွားလေ၏။ သို့သော် ကောင်းကင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်တကယ်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကိုမြင်နေရသည်ဟူ၍သာ သူထင်မှတ်နေ၏။ Common Language Bible ပေတရုသည်အချုပ်ခန်းမှထွက်၍ ကောင်းကင် တမန်၏နောက်သို့လိုက်လေ၏။ သူသည်ကောင်းကင် တမန်ပြုသောအမှုကိုတကယ်အဖြစ်အပျက် ဟူ၍မသိ။ ဗျာဒိတ်ရူပါရုံကိုမြင်လျက်နေသည် ဟူ၍သာထင်မှတ်၏။- Garrad Bible စေ တ မန် တော့် အ ပြု အ မူ မှန် မ မှန် မ သိ ဘဲ ရူ ပါ ရုံ ဖြစ် သည် ဟု ထင် မြင် လျက် ပေ တ ရု လိုက်၍ ထွက် သွား လေ၏။ Judson Bible ပေတရုသည် ထွက်၍လိုက်သော်လည်း၊ ကောင်းကင်တမန် ပြုသမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ဗျာဒိတ်ရူပါရုံကို မြင်သည်ဟုထင်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုသည် ထွက်၍ သူ၏နောက်သို့ လိုက်လေ၏။ ကောင်းကင်တမန်လုပ်ဆောင်မှုအားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကို မြင်နေရသည်ဟုသာ ပေတရုထင်မှတ်လေ၏။ |
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
နောဧသည် ထိုသို့ပြု၏။ မိမိအားဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း ပြုလေ၏။
ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော ဇိအုန်သားတို့ကို ပြန်လာစေတော်မူသောအခါ ငါတို့သည် အိပ်မက်မက်နေသူကဲ့သို့ဖြစ်ကြ၏။
မိမိမြင်ရသောရူပါရုံသည် မည်သည့်အရာကိုဆိုလိုကြောင်း ပေတရုသည် စိတ်ထဲ၌ ဝေခွဲမရဖြစ်နေစဉ် ကော်နေလိစေလွှတ်လိုက်သောလူတို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေပြီး အိမ်တံခါးရှေ့သို့ ရောက်လာကြ၏။
တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။
“ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
ထို့နောက် ကောင်းကင်တမန်က “ခါးပန်းစည်း၍ သင့်ဖိနပ်ကိုစီးလော့”ဟု ဆိုသဖြင့် သူသည် ထိုအတိုင်းပြုလေ၏။ တစ်ဖန် “သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့”ဟု ဆိုလေရာ
ထို့ကြောင့် အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည် ကောင်းကင်ဘုံမှဗျာဒိတ်ရူပါရုံကို နားမထောင်၍မနေဘဲ
ဒမတ်စကပ်မြို့တွင် အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံ၌“အာနနိ”ဟု ခေါ်တော်မူလျှင် အာနနိက “အကျွန်ုပ်ရှိပါသည် သခင်ဘုရား”ဟု ပြန်လျှောက်လေ၏။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။