Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 9:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဒမတ်စကပ်​မြို့​တွင် အာနနိ​အမည်​ရှိ​သော တပည့်​တော်​တစ်​ဦး​ရှိ​၏။ သခင်​ဘုရား​သည် ရူပါရုံ​၌“အာနနိ”​ဟု ခေါ်​တော်မူ​လျှင် အာနနိ​က “အကျွန်ုပ်​ရှိ​ပါ​သည် သခင်​ဘုရား”​ဟု ပြန်​လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ဒ​မာ​သက်​မြို့​တွင်​အာ​န​နိ​နာ​မည်​ရှိ​သူ တ​ပည့်​တော်​တစ်​ယောက်​ရှိ​၏။ ဗျာ​ဒိတ်​ရူ​ပါ ရုံ​ထဲ​တွင်​သ​ခင်​ဘု​ရား​က​အာ​န​နိ​အား ``အာ​န​နိ'' ဟု​ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က ``ရှိ​ပါ​သည်​သ​ခင်​ဘု​ရား'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို အ ခါ ဒ မာ သက် မြို့ တွင် အာ န နိ ဆို သူ တ ပည့် တော် တစ် ပါး ရှိ သ ဖြင့် အ ရှင် ဘု ရား သည် အာ န နိ ဟု မ နော အာ ရုံ ဖြင့် ခေါ် တော် မူ သော် အ ကျွန်ုပ် ရှိ ပါ သည် အ ရှင် ဘု ရား ဟု ထူး သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​အ​ခါ အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက်​သည် ဒ​မာ​သက်​မြို့၌​ရှိ၏။ ထို​သူ​ကို သ​ခင်​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ အာ​န​နိ​ဟူ၍ ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က၊ သ​ခင်​ဘု​ရား အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို​ဒမတ်စကပ်မြို့​တွင် အာနနိ​အမည်​ရှိသော တပည့်တော်​တစ်ဦး​ရှိ၏။ သခင်ဘုရား​က​သူ့​အား ရူပါရုံ​တွင် “အာနနိ” ဟု ခေါ်​ရာ သူ​က “အကျွန်ုပ်​ရှိပါ၏​သခင်ဘုရား” ဟု လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 9:10
23 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ညအချိန်​တွင် သူ​၏​အစေအပါး​တို့​ကို​လူစု​ခွဲ​၍ ရန်သူ​တို့​ကို​တိုက်ခိုက်​ကာ ဒမတ်စကပ်​မြို့​မြောက်ဘက်​ရှိ ဟောဘ​မြို့​တိုင်အောင် သူ​တို့​ကို​လိုက်​လေ​၏​။


ထို့နောက်တွင် ဘုရားသခင်​သည် အာဗြဟံ​ကို​စမ်းသပ်​တော်မူ​၏​။ ကိုယ်တော်​က “​အာဗြဟံ​”​ဟု ခေါ်​တော်မူ​လျှင် အာဗြဟံ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။


ဘုရားသခင်​၏​ကောင်းကင်တမန်​က ‘​ယာကုပ်​’​ဟု အိပ်မက်​ထဲတွင် ငါ့​ကို​ခေါ်​သဖြင့် ‘​အကျွန်ုပ်​ရှိ​ပါ​၏​’​ဟု ငါ​ပြန်လျှောက်​၏​။


ထိုသို့​မ​ဟုတ်​ဘဲ ကိုယ်တော်​က ‘သင့်​ကို ငါ​အလို​မ​ရှိ’​ဟု မိန့်ဆို​လျှင်​လည်း ငါ​အသင့်ရှိ​ပါ​သည်​။ အလို​တော်​အတိုင်း​သာ ငါ့​ကို ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​၏​။


ချုံပုတ်​ကို​ကြည့်​ရန် မောရှေ​သွား​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ဘုရားသခင်​က “​မောရှေ​၊ မောရှေ​”​ဟု ချုံပုတ်​ထဲ​မှ​ခေါ်​လျှင် မောရှေ​က “​အကျွန်ုပ်​ရှိ​ပါ​သည်​”​ဟု ထူး​လေ​၏​။


ထို့နောက် “​ငါ​မည်သူ့​ကို​စေလွှတ်​ရ​မည်နည်း​။ မည်သူ​သည် ငါ​တို့​အတွက် သွား​မည်နည်း​”​ဟု ဘုရားရှင်​မိန့်​တော်မူ​သော​အသံ​ကို ငါ​ကြား​ရ​၏​။ ထိုအခါ ငါ​က “​အကျွန်ုပ်​ရှိ​ပါ​၏​။ အကျွန်ုပ်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု လျှောက်​၏​။


ထို​ည​တွင် ဒံယေလ​အား ဤ​နက်နဲသောအရာ​ကို စိတ်အာရုံ​ထဲတွင် ဖွင့်ပြ​တော်မူ​၏​။ ထို့ကြောင့် ဒံယေလ​က ကောင်းကင်ဘုံရှင်​ဘုရားသခင်​အား


ထိုအခါ ထာဝရဘုရား​က “​ငါ့​စကား​ကို နားထောင်​ကြ​လော့​။ သင်​တို့​တွင် ပရောဖက်​ရှိ​လျှင် ငါ​ထာဝရဘုရား​သည် ထို​ပရောဖက်​အား နိမိတ်အာရုံ​အားဖြင့် ကိုယ်ထင်ရှားပြ​မည်​။ အိပ်မက်​အားဖြင့် မိန့်မြွက်​မည်​။


တစ်​နေ့​သောအခါ မွန်းလွဲ​သုံး​နာရီ​အချိန်​ခန့်​တွင် သူ​သည် မိမိ​ထံသို့​ဘုရားသခင်​၏​ကောင်းကင်တမန်​တစ်​ပါး​ဝင်လာ​၍ “ကော်နေလိ”​ဟု ခေါ်​သည်​ကို ရူပါရုံ​၌ ထင်ရှား​စွာ​မြင်​လေ​၏။


“ငါ​သည် ယုပ္ပေ​မြို့​၌ ဆုတောင်း​လျက်​နေ​စဉ် အာရုံ​မှုန်ဝါး​တွေဝေ​၍ ရူပါရုံ​တစ်​ခု​ကို​မြင်​ရ​၏။ ထောင့်​လေး​ခု​မှ​ထိန်းထား​ပြီး ကောင်းကင်​မှ​လျှောကျ​လာ​သည့် ရွက်ထည်စ​ကြီး​နှင့်တူ​သော​အရာ​တစ်​ခု​သည် နိမ့်ဆင်း​လာ​၍ ငါ့​ထံသို့​ရောက်လာ​၏။


ပေတရု​သည် ထွက်​၍ လိုက်​သွား​လေ​၏။ သို့သော် ကောင်းကင်တမန်​အားဖြင့် ဖြစ်ပျက်​နေ​သော​အရာ​သည် အမှန်တကယ်​ဖြစ်​ကြောင်း​မ​သိ​ဘဲ ရူပါရုံ​ကို​မြင်​နေ​ရ​သည်​ဟူ၍​သာ သူ​ထင်မှတ်​နေ​၏။


ထို​ရူပါရုံ​ကို ပေါလု​မြင်​ရ​သောအခါ သူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ဘုရားသခင်​သည် ငါ​တို့​ကို ခေါ်​တော်မူ​ပြီ​ဟု ကောက်ချက်​ချ​၍ ချက်ချင်း​ပင် မာကေဒေါနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​၏။


ည​အခါ ပေါလု​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူပါရုံ​၌ မာကေဒေါနိ​ပြည်သား​တစ်​ဦး​သည် ရပ်​လျက် “မာကေဒေါနိ​ပြည်​သို့ ကူး​လာ​၍ အကျွန်ုပ်​တို့​ကို ကူညီ​ပေး​ပါ”​ဟု သူ့​အား တောင်းပန်​ပြောဆို​၏။


တစ်​ည​တွင် သခင်​ဘုရား​သည် ရူပါရုံ​အားဖြင့် ပေါလု​အား“မ​ကြောက်​နှင့်။ တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ဟောပြော​လော့။


ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။


ထို့နောက် ပညတ်​တရား​နှင့်အညီ ဘုရား​တရား​ကြည်ညို​သူ​ဖြစ်​ပြီး ဒမတ်စကပ်​မြို့​၌​နေထိုင်​သော ဂျူး​လူမျိုး​အားလုံး​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော အာနနိ​အမည်ရှိ​သူ​တစ်​ဦး​သည်


အာနနိ​အမည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်စိ​ပြန်​မြင်​စေရန် သူ့​အပေါ်​လက်​တင်​သည်​ကို ရူပါရုံ​၌​မြင်​ခဲ့​ပြီ”​ဟု မိန့်​တော်မူ​၏။


သူ​သည် သုံး​ရက်​တိုင်တိုင် မျက်စိ​ကွယ်​လျက် မ​စား​မ​သောက်​ဘဲ​နေ​လေ​၏။


ဒမတ်စကပ်​မြို့​တွင် အရေတ​မင်းကြီး​ခန့်ထား​သော​မြို့ဝန်​သည် ငါ့​ကို​ဖမ်းဆီး​ရန်​အတွက် ဒမတ်စကပ်​မြို့​ကို ပိတ်ဆို့​စောင့်ကြပ်​ထား​ခဲ့​၏။


ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။


ထိုအခါ ထာဝရဘုရား​သည် ရှမွေလ​ကို​ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အကျွန်ုပ်​ရှိ​ပါ​၏​”​ဟု ထူး​လျက်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ