အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 94:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။ မိမိ​၏​အမွေ​တော်​ကို​လည်း စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။

Garrad Bible

တ ရား ခွင် သို့ ဖြောင့် မတ် ခြင်း မ ပြန် မ ရောက်၊ သ ဘော ဖြောင့် သူ အ ပေါင်း တို့ မ လိုက် မ လျှောက် မီ အ တွင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို ပစ် ပယ် ခြင်း၊ ပိုင် တော် မူ ရာ ကို စွန့် ထား ခြင်း ပြု တော် မူ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​မ​ပယ်၊ အ​မွေ​တော်​ကို စွန့်​ပစ်​တော်​မ​မူ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 94:14
19 ပူးပေါင်းရင်းမြစ်များ  

အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​အရာ​ကို​တွေ့မြင်​ရ​ရန် နေ့ရက်​ကာလ​တို့​ကို​လိုလား​သော​သူ​ကား မည်သူ​နည်း​။


အကြောင်းမူကား ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​တော်မူ​၏​။ မိမိ​၏​သန့်ရှင်း​သူ​တို့​ကို​လည်း စွန့်ပစ်​တော်​မ​မူ​။ သူ​တို့​သည် အစဉ်အမြဲ​စောင့်ရှောက်​တော်မူ​ခြင်း​ကို ခံရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​၏​သားမြေး​တို့​မူကား ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။


ရှေးကာလ​က ကိုယ်တော်​ဝယ်ယူ​ထား​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ အမွေ​တော်​အဖြစ် ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​အမျိုးအနွယ်​နှင့် ကိုယ်တော်​ကိန်းဝပ်​တော်မူ​ခဲ့​ရာ ဇိအုန်​တောင်​ကို အောက်မေ့​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို နှိမ်နင်း​၍ ကိုယ်တော်​၏​အမွေ​တော်​ကို နှိပ်စက်​ကြ​ပါ​၏​။


ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် ရေ​ကို​ရှာ​ကြ​၏​။ ရေ​မ​ရှိ​သောကြောင့် သူ​တို့​သည် ရေငတ်​၍ အာခေါင်​ခြောက်ကပ်​သောအခါ ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​ထူး​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ငါ​သည် သူ​တို့​ကို စွန့်ပစ်​မည်​မ​ဟုတ်​။


ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အကြောင်းမူကား ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​သည် ကိုယ်တော်​၏​အမွေ​တော်​အမျိုးအနွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။


ဤသို့​ဖြစ်၍ ရန်သူ​တို့​၏​ပြည်​၌ သူ​တို့​နေ​ကြ​ရ​သော်လည်း ငါ​သည် သူ​တို့​ကို​ဖျက်ဆီး​သည်​အထိ​၊ သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ရ​သည်​အထိ သူ​တို့​ကို ငါ​ငြင်းပယ်​မည်​မ​ဟုတ်​၊ ရွံရှာ​မည်​မ​ဟုတ်​။ အကြောင်းမူကား ငါ​သည် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


ဘုရားသခင်​သည် သင်​တို့​၏​စိတ်နှလုံး​မျက်စိ​ကို ပွင့်လင်း​စေ​၍ ခေါ်ယူ​တော်မူ​ခြင်း​နှင့်ဆိုင်သော မျှော်လင့်​ခြင်း​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ခံရ​မည့်​အမွေ​တော်​သည် ဘုန်း​အသရေ​နှင့် မည်မျှ​ကြွယ်ဝ​သည်​ကို​လည်းကောင်း၊


အားယူ​၍​ရဲရင့်​ခြင်း​ရှိ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွ​တော်မူ​မည်​။ သင်​တို့​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား ကိုယ်တော်တိုင် သင့်​ရှေ့​မှ ကြွ​တော်မူ​မည်​။ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​”​ဟု ပြောကြား​၏​။


ထာဝရဘုရား​၏​ဝေစု​ကား မိမိ​လူမျိုး​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​အမွေ​ဝေစု​ကား ယာကုပ်​ဖြစ်​၏​။


အသက်ရှင်​နေထိုင်​မှု​တွင် ငွေ​ကို​တပ်မက်​ခြင်း​မ​ရှိ​ဘဲ မိမိ​၌​ရှိ​သော​အရာ​နှင့် ရောင့်ရဲ​ကြ​လော့။ အကြောင်းမူကား “ငါ​သည် မည်သည့်​အခါ​မျှ သင့်​ကို​စွန့်ခွာ​မည်​မ​ဟုတ်။ မည်သည့်​အခါ​မျှ သင့်​ကို​ပစ်ပယ်​မည်​မ​ဟုတ်”​ဟု ကိုယ်တော်​မိန့်​တော်မူ​၏။


ထာဝရဘုရား​သည် ကြီးမြတ်​သော​နာမ​တော်​ကို ထောက်​၍ မိမိ​၏​လူမျိုး​တော်​ကို စွန့်ပစ်​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​ကို မိမိ​လူမျိုး​တော်​ဖြစ်​စေဖို့ အလိုရှိ​တော်မူ​၏​။