အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ကာကွယ်မည်၊ ကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
ဆာလံ 46:6 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။ Common Language Bible လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။ Garrad Bible လူ မျိုး ခြား တို့ သည် ထ ကြွ ၍၊ တိုင်း နိုင် ငံ များ လည်း လှုပ် ရှား ရ ကြ၏။ အ သံ တော် လွှင့် တော် မူ သော်၊ မြေ ပ ထ ဝီ အ ရည် ပျော် ရ ၏။ Judson Bible လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံတို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။ |
အကြောင်းမူကား ငါသည် ငါ့အတွက်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီးအတွက် ဤမြို့ကို ကာကွယ်မည်၊ ကယ်တင်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေ၏။
ထို့နောက်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားတို့နှင့်အတူ မဟုနိမ်လူမျိုးအချို့တို့သည် ယောရှဖတ်မင်းကြီးကို တိုက်ခိုက်ရန်ချီလာကြ၏။
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် မိမိအသံကို မိုးသီးနှင့်တောက်လောင်သောမီးခဲများနှင့်တကွ လွှင့်တော်မူ၏။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊ အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌ မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။
ထာဝရဘုရား၏ရှေ့တော်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအစိုးရသော အရှင်၏ရှေ့တော်၌ တောင်များသည် ဖယောင်းကဲ့သို့ အရည်ပျော်ကြ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဂျေရုဆလင်မြို့ကို ကာကွယ်တော်မူမည်။ ရစ်ဝဲနေသောငှက်ကဲ့သို့ ကာကွယ်၍ ကယ်နုတ်တော်မူမည်။ ချမ်းသာပေး၍ လွတ်မြောက်စေတော်မူမည်”ဟု ငါ့အား မိန့်တော်မူ၏။
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
သင်သည် သူတို့အား ဤစကားအလုံးစုံကို ပရောဖက်ပြုဟောပြောရမည်။ သူတို့အား “ထာဝရဘုရား၏အသံတော်သည် အထက်ကောင်းကင်မှ မြည်ဟိန်းထွက်ပေါ်လာမည်။ သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ အသံကိုလွှင့်တော်မူမည်။ မိမိသိုးစုကို ကျယ်လောင်စွာဟိန်းဟောက်တော်မူမည်။ စပျစ်သီးနင်းနယ်သောသူတို့ အော်ဟစ်သကဲ့သို့ မြေကြီးသားတို့ကို အော်ဟစ်တော်မူမည်။
မြို့ပတ်ပတ်လည်သည် အတောင်တစ်သောင်းရှစ်ထောင်ကျယ်၏။ ထိုနေ့မှစ၍ ထိုမြို့၏အမည်ကို “ထာဝရဘုရား စံတော်မူရာ”ဟု ခေါ်တွင်ရမည်။
ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
ထာဝရဘုရားက “ကြည့်ရှုလော့။ ထွန်ယက်သောသူသည် ရိတ်သိမ်းသောသူကိုလည်းကောင်း၊ စပျစ်သီးနင်းနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုလည်းကောင်း ကျော်လွန်သွားမည့်နေ့ရက်ရောက်လာလိမ့်မည်။ တောင်များပေါ်တွင် စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းရှိသမျှကို ဖုံးလွှမ်းမည့်နေ့ရက်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရားသည် မြေကြီးကို တို့တော်မူလျှင် မြေကြီးသည်အရည်ပျော်ကျ၍ သက်ရှိအပေါင်းတို့ ငိုကြွေးမြည်တမ်းရလိမ့်မည်။ တစ်ပြည်လုံး နိုင်းမြစ်ရေကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ ပြန်ဆုတ်သွားလိမ့်မည်။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။
ထိုသို့ သင်တို့သတင်းကိုကြားသိရသောကြောင့် ကျွန်မတို့စိတ်ပျက်အားလျော့ကြပါ၏။ လူတိုင်းအလွန်ကြောက်ရွံ့လျက်ရှိပါ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အထက်မိုးကောင်းကင်တွင်လည်းကောင်း၊ အောက်မြေကြီးတွင်လည်းကောင်း ဘုရားသခင်ဖြစ်တော်မူ၏။
သူတို့က ယောရှုအား “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်ပြည်လုံးကို အကျွန်ုပ်တို့လက်သို့အပ်တော်မူပြီ။ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့သည်လည်း အကျွန်ုပ်တို့သတင်းကိုကြားသဖြင့် စိတ်အားလျော့လျက်ရှိကြပါ၏”ဟု ဆိုလေ၏။
သူတို့အား “ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား ပေးတော်မူကြောင်း၊ သင်တို့ကို ကျွန်မတို့ကြောက်ရွံ့ထိတ်လန့်လျက်ရှိကြောင်း၊ ဤပြည်သားအပေါင်းတို့သည် သင်တို့ကြောင့် စိတ်အားလျော့လျက်ရှိကြောင်း ကျွန်မသိပါ၏။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။