ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ဆာလံ 42:3 - မြန်မာ့စံမီသမ္မာကျမ်း လူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကို တစ်နေ့လုံးပြောဆိုကြသောအခါ ငါ၏မျက်ရည်သည် နေ့ညမပြတ် ငါ့အတွက်စားစရာဖြစ်ရ၏။ Common Language Bible ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။ Garrad Bible သင့် ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု နေ့ ရှိ သ မျှ လှောင် ပြောင် ကြ စဉ်၊ ငါ့ မျက် ရည် သည် နေ့ ညဉ့် မ ပြတ် စား သောက် ဖွယ် ဖြစ် ရ လေ စွ။ Judson Bible သူတစ်ပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကို အစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညမပြတ် ငါစားစရာဖြစ်ရ၏။ |
ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့် ဆိုကြသနည်း။
အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်လက်ကိုဆန့်ပါ၏။ မွတ်သိပ်သောမြေကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်ကိုဆာငတ်ပါ၏။(စေလာ)
“သူသည် ထာဝရဘုရားကိုယုံကြည်ကိုးစားခဲ့၏။ ကိုယ်တော်သည် သူ့ကိုကယ်တင်ပါစေ။ ကိုယ်တော်သည် သူ့ကိုနှစ်သက်တော်မူသည်ဖြစ်၍ သူ့ကိုကယ်နုတ်ပါစေ”ဟု ဆိုကြပါ၏။
များစွာသောသူတို့က “ဘုရားသခင်သည် သူ့ကိုကယ်တင်မည်မဟုတ်”ဟု အကျွန်ုပ်၏စိတ်ဝိညာဉ်နှင့်ပတ်သက်၍ ပြောဆိုကြပါ၏။(စေလာ)
ငါ၏ရန်သူတို့က “သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု ငါ့ကိုတစ်နေ့လုံး ပြောဆိုလျက် ငါ၏အရိုးကွဲလုမတတ် ငါ့ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အစွမ်းသတ္တိနှင့် ကိုယ်တော်၏ဘုန်းအသရေတို့ကိုတွေ့မြင်ရရန် ကိုယ်တော်ကို သန့်ရှင်းရာဌာနတော်၌ဖူးမြော်ခဲ့ပါ၏။
လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့်ပြောဆိုရပါမည်နည်း။ ကိုယ်တော်၏အစေအပါးတို့ သွေးမြေကျရခြင်းအတွက် လက်တုံ့ပြန်တော်မူကြောင်းကို အကျွန်ုပ်တို့မျက်စိရှေ့တွင် လူမျိုးခြားတို့သိမြင်ကြပါစေသော။
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
ကိုယ်တော်သည် သူတို့အား မျက်ရည်မုန့်ကိုကျွေးတော်မူ၏။ များစွာသောမျက်ရည်တို့ကိုလည်း တိုက်တော်မူ၏။
အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏ယဇ်ပလ္လင်အနီးတွင် စာငှက်ပင်လျှင် နေစရာအရပ်ကိုလည်းကောင်း၊ ပျံလွှားငှက်ပင်လျှင် မိမိသားငယ်မွေးရန် မိမိအသိုက်ကိုလည်းကောင်း တွေ့ရှိကြပါ၏။
ယောက်ျားအပေါင်းတို့သည် ထာဝရဘုရားသခင်ရှေ့တော်၌ တစ်နှစ်လျှင်သုံးကြိမ် မျက်နှာလာပြရမည်။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
“သင်၏ဘုရားသခင်ထာဝရဘုရားကား အဘယ်မှာရှိသနည်း”ဟု ငါ့အား ပြောဆိုသောရန်သူသည် ထိုအဖြစ်ကိုမြင်၍ အရှက်ကွဲရလိမ့်မည်။ ယခုတွင် သူသည် လမ်းပေါ်မှ ရွှံ့ကဲ့သို့ နင်းချေခံရသည်ကို ငါ့မျက်စိဖြင့် တပ်အပ်မြင်ရလိမ့်မည်။
မီးထဲမှမိန့်တော်မူသည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ မည်သည့်သတ္တဝါသည် ကြား၍ အသက်ချမ်းသာရာရဖူးသနည်း။