ဆာလံ 115:2 - မြန်မာ့စံမီသမ္မာကျမ်း2 လူမျိုးခြားတို့က “သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း”ဟု အဘယ်ကြောင့် ဆိုကြသနည်း။ အခန်းကိုကြည့်ပါ။Common Language Bible2 ``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟု လူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible2 ချင်း တို့ ဘု ရား ကား၊ အ ဘယ် မှာ နည်း ဟု လူ မျိုး ခြား တို့ သည်၊ အ ဘယ့် ကြောင့် လှောင် ပြောင် ခွင့် ရှိ ရ ကြ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible2 သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။ အခန်းကိုကြည့်ပါ။ |
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။