ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ချီးမွမ်းနိုင်ရန် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အချုပ်အနှောင်ထဲမှထုတ်ဆောင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူမည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံထားကြပါလိမ့်မည်။
ဆာလံ 38:20 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။ Common Language Bible ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်ရန် ကြိုးစားသဖြင့် အကောင်းကိုအဆိုးအားဖြင့်ပြန်လည် ပေးဆပ်တတ်သူတို့သည် ကျွန်တော်မျိုးကိုဆန့်ကျင်ဘက်ပြုကြပါ၏။ Garrad Bible အ ကျွန်ုပ် သည် ကောင်း ရာ ကို လျှောက် လိုက် သော ကြောင့်၊ အ ကောင်း အ တွက် အ ဆိုး ဆပ် ပေး တတ် သူ တို့ ရန် ဘက် ပြု ကြ ပါ၏။ Judson Bible အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သောသူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။ |
ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ချီးမွမ်းနိုင်ရန် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အချုပ်အနှောင်ထဲမှထုတ်ဆောင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ကျေးဇူးပြုတော်မူမည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံထားကြပါလိမ့်မည်။
အကျွန်ုပ်၏ရန်သူတို့သည် မည်မျှများပြားကြသည်ကိုလည်းကောင်း၊ အကျွန်ုပ်ကို မည်မျှရက်စက်ကြမ်းကြုတ်သော မုန်းတီးမှုဖြင့် မုန်းတီးကြသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။
သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
အကျွန်ုပ်နှင့်သင့်မြတ်သောသူအပေါ် မကောင်းမှုပြုခဲ့၍ အကျွန်ုပ်ရန်သူ၏ဥစ္စာကို အကြောင်းမဲ့လုယူခဲ့သည်ဆိုလျှင်
အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
သင်တို့သည် ကောင်းသောအမှု၌ စိတ်အားထက်သန်လျှင် မည်သူသည် သင်တို့ကို အန္တရာယ်ပြုမည်နည်း။
မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်ပြီး မိမိ၏ညီကိုသတ်သောကာဣနကဲ့သို့ မဖြစ်ကြနှင့်။ အဘယ်ကြောင့် ညီကိုသတ်သနည်းဟူမူကား သူ၏လုပ်ဆောင်မှုသည် ဆိုးညစ်၍ သူ့ညီ၏လုပ်ဆောင်မှုသည် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
ထိုအခါ ဒါဝိဒ်က “ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏နောက်လိုက်တို့ကို ရှောလုမင်းကြီးလက်သို့ အပ်နှံကြမည်လော”ဟု မေးရာ ထာဝရဘုရားက “အပ်နှံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဒါဝိဒ်သည် သူ့နောက်လိုက်တို့နှင့်အတူကိလမြို့သို့ ချီသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ပြီး သူတို့၏တိရစ္ဆာန်များကို သိမ်းယူ၏။ သူတို့ကို အကြီးအကျယ်လုပ်ကြံသတ်ဖြတ်၏။ ဤသို့ဖြင့် ဒါဝိဒ်သည် ကိလမြို့သားတို့ကို ကယ်တင်လေ၏။
ထိုသို့ သူတို့နှင့်အတူ သိုးထိန်းခဲ့ချိန်တစ်လျှောက်လုံး သူတို့သည် နေ့ရောညပါ အကျွန်ုပ်တို့အဖို့ အကွယ်အကာ ဖြစ်ခဲ့ပါ၏။
ဒါဝိဒ်က “တောထဲတွင် ဤသူပိုင်သောဥစ္စာရှိသမျှ တစ်စုံတစ်ရာမျှ မပျောက်ရှအောင် ငါစောင့်ရှောက်ပေးခဲ့သည်မှာ အချည်းနှီးဖြစ်၏။ သူသည် ငါ့အား အကောင်းကို အဆိုးနှင့် တုံ့ပြန်ခဲ့ပြီ။