Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 25:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အကျွန်ုပ်​၏​ရန်သူ​တို့​သည် မည်မျှ​များပြား​ကြ​သည်​ကို​လည်းကောင်း​၊ အကျွန်ုပ်​ကို မည်မျှ​ရက်စက်ကြမ်းကြုတ်​သော မုန်းတီးမှု​ဖြင့် မုန်းတီး​ကြ​သည်​ကို​လည်းကောင်း ကြည့်ရှု​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အ ကျွန်ုပ် ကို ရက် စက် စွာ မုန်း ထား လျက်၊ များ ပြား သော ရန် သူ တို့ ကို ဆင် ခြင် တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည် များ​ပြား​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ပြင်း​စွာ​မုန်း​ထား​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 25:19
21 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဒါဝိဒ်​မင်းကြီး​က အဘိရှဲ​အပါအဝင် မင်းမှုထမ်း​အပေါင်း​တို့​အား “​ကြည့်​ပါ​။ ငါ့​သွေးသားရင်း​ဖြစ်​သော ငါ့​သား​ပင်လျှင် ငါ့​ကို သတ်​ဖို့​ရှာကြံ​၏​။ ဤ​ဗင်္ယာမိန်​အမျိုး​ကား ထိုထက်မက ပြု​ခွင့်​ရှိ​၏​။ ထာဝရဘုရား​သည် သူ့​ကို အခွင့်ပေး​ထား​ပြီ​ဖြစ်၍ သူ​ကျိန်ဆဲ​ပါစေ​။ သူ့​ကို မဆီးတား​ကြ​နှင့်​။


ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​ကို စစ်ဆေး​တော်မူ​၏​။ သို့သော် ကိုယ်တော်​၏​စိတ်ဝိညာဉ်​သည် ဆိုးယုတ်​သော​သူ​နှင့် ရက်စက်ကြမ်းကြုတ်မှု​ကို​နှစ်သက်​သော​သူ​အား မုန်း​တော်မူ​၏​။


အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲ​၌ ကျင်လည်​ရ​သော်လည်း ကိုယ်တော်​သည် အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ရန်သူ​တို့​၏​အမျက်ဒေါသ​အပေါ်​၌ မိမိ​၏​လက်​တော်​ကို​ဆန့်​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​ဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​မည်​။


အို ထာဝရဘုရား​၊ ဆိုးညစ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​တော်မူ​ပါ​။ ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို ကာကွယ်​တော်မူ​ပါ​။


သူတစ်ပါး​ကို​အသရေပျက်​အောင် ပြောဆို​သော​သူ​တို့​သည် မြေကြီး​ပေါ်၌ တည်မြဲ​ခြင်း​မ​ရှိ​ကြ​ပါစေ​နှင့်​။ ဘေးအန္တရာယ်​သည် ရက်စက်ကြမ်းကြုတ်​သော​သူ​ကို လိုက်​၍ နှိမ်နင်း​ဖျက်ဆီး​ပါစေသော​။


အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကျွန်ုပ်​ကို​ခြေ​ထိုး​ရန်​ကြံစည်​သည့် ရက်စက်ကြမ်းကြုတ်​သော​သူ​၏​ရန်​မှ အကျွန်ုပ်​ကို​ကာကွယ်​တော်မူ​ပါ​။


အကယ်စင်စစ် ရန်သူ​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လိုက်လံညှဉ်းဆဲ​ပါ​၏​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မြေပြင်​အထိ​ချိုးဖဲ့ခြေမွှ​ပါ​၏​။ အကျွန်ုပ်​ကို ကာလ​ကြာမြင့်​စွာ​က​သေဆုံး​သွား​သူ​ကဲ့သို့ မှောင်မိုက်​သော​အရပ်​ထဲ၌​နေ​စေ​ပါ​၏​။


ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။


အကျွန်ုပ်​၏​ရန်သူ​တို့​အလို​အတိုင်း​ပြု​ကြ​စေရန် အကျွန်ုပ်​ကို​အပ်​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား မုသား​သက်သေ​တို့​သည် အကျွန်ုပ်​တစ်ဖက်​၌​ထ​ကြ​လျက် ရက်စက်ကြမ်းကြုတ်​သော​စကား​ကို တရစပ်​ပြောဆို​ကြ​ပါ​၏​။


ငါ့​ကို​ရန်ဖက်ပြု​သော​သူ​များ​နှင့် ငါ​၏​ရန်သူ​များ​ဖြစ်​ကြ​သည့် ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ငါ့​အသား​ကို​ကိုက်စား​ရန် ငါ့​ထံသို့​ချဉ်းကပ်​လာ​ကြ​သောအခါ ခလုတ်တိုက်​၍​လဲကျ​ကြ​လိမ့်မည်​။


အကျွန်ုပ်​၏​ရန်သူ​တို့​သည် သန်မာ​အားကြီး​ကြ​ပါ​၏​။ အကြောင်းမဲ့ အကျွန်ုပ်​ကို မုန်းတီး​သော​သူ​တို့​သည်​လည်း များစွာ​ရှိ​ပါ​၏​။


အကျွန်ုပ်​သည် ကောင်းမြတ်​သော​အရာ​ကို လက်ကိုင်ပြု​သောကြောင့် အကောင်း​ကို​အဆိုး​ဖြင့်​တုံ့ပြန်​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ပြစ်တင်စွပ်စွဲ​ကြ​ပါ​၏​။


အို လိမ်လည်ကောက်ကျစ်မှု​ကို​ပြု​သော​သူ​၊ သင်​၏​လျှာ​သည် ထက်​သော​သင်တုန်းဓား​ကဲ့သို့ ပျက်စီး​ခြင်း​ဘေး​များ​ကို ကြံစည်​တတ်​၏​။


အကျွန်ုပ်​၏​ရန်သူ​တို့​သည် အကျွန်ုပ်​ကို တစ်နေ့လုံး​နင်းချေ​ကြ​ပါ​၏​။ အမှန်စင်စစ် များစွာ​သော​သူ​တို့​သည် ထောင်လွှား​သော​စိတ်​ဖြင့် အကျွန်ုပ်​ကို​တိုက်ခိုက်​ကြ​ပါ​၏​။


ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။ သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။


အို ဘုရားသခင်​၊ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​လူတစ်စု​သည်​လည်း အကျွန်ုပ်​၏​အသက်​ကို ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​တို့​သည် ကိုယ်တော်​ကို​သတ်​နိုင်​မည့်​နည်းလမ်း​ကို ရှာကြံ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​ကို​ကြောက်ရွံ့​ကြ​၏။


သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ