ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
ဆာလံ 21:8 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ရန်သူရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။ ကိုယ်တော်၏လက်ယာလက်တော်သည် ကိုယ်တော့်ကိုမုန်းသောသူတို့အပေါ် ကျရောက်လိမ့်မည်။ Common Language Bible မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။ Garrad Bible ရန် သူ တော် ရှိ သ မျှ ကို လက် ရုံး တော် ဖြင့် လည်း ကောင်း၊ မုန်း ထား သော သူ တို့ ကို ညာ လက် တော် ဖြင့် လည်း ကောင်း၊ တင် ဖိ လျက်၊ Judson Bible ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကိုတွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ယာလက်တော်သည် တွေ့တော်မူမည်။ |
ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ
အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆန့်ကျင်လျက် မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ထာဝရဘုရားထံမှ ခံကြရပါစေ။
ငါသည် ထာဝရဘုရားကိုအစဉ်မပြတ် မျက်မှောက်ပြု၏။ ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်မည်မဟုတ်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စွမ်းပကားဖြစ်တော်မူသောကိုယ်တော်ကို အကျွန်ုပ်မြတ်နိုးပါ၏။
သင်သည် သံလှံတံဖြင့် သူတို့ကိုကျိုးပဲ့စေ၍ သူတို့ကို မြေအိုးကဲ့သို့ ရိုက်ခွဲလိမ့်မည်”ဟု ငါ့အား မိန့်တော်မူ၏။
ကန္တာရ၌နေထိုင်သောလူမျိုးတို့သည် သူ့ရှေ့၌ညွတ်တွား၍ သူ၏ရန်သူတို့သည် မြေမှုန့်ကိုလျက်ကြရပါစေသော။
ဂျေရုဆလင်မြို့နှင့်ရှမာရိမြို့တို့တွင်ရှိသောရုပ်တုဆင်းတုထက် ရုပ်တုဆင်းတုပေါများသောတိုင်းနိုင်ငံများသည်ပင် ငါ့လက်အောက်သို့ရောက်ခဲ့ရ၏။
သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းသဖြင့် သူ့နောက်မှ သံတမန်ကိုစေလွှတ်၍ ‘အကျွန်ုပ်တို့အပေါ် ဤသူအုပ်ချုပ်မည်ကို အကျွန်ုပ်တို့အလိုမရှိပါ’ဟု လျှောက်ထားစေကြ၏။
ထိုမှတစ်ပါး ငါအုပ်ချုပ်ရန်အလိုမရှိကြသော ငါ၏ရန်သူများကို ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မှောက်တွင် သူတို့ကိုကွပ်မျက်ကြလော့’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။
ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရသွား၏။