ဆာလံ 21:8 - Common Language Bible8 မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible8 ရန် သူ တော် ရှိ သ မျှ ကို လက် ရုံး တော် ဖြင့် လည်း ကောင်း၊ မုန်း ထား သော သူ တို့ ကို ညာ လက် တော် ဖြင့် လည်း ကောင်း၊ တင် ဖိ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible8 ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကိုတွေ့၍၊ ကိုယ်တော်ကိုမုန်းသော သူတို့ကို လက်ယာလက်တော်သည် တွေ့တော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ကိုယ်တော်၏လက်တော်သည် ကိုယ်တော်၏ရန်သူရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။ ကိုယ်တော်၏လက်ယာလက်တော်သည် ကိုယ်တော့်ကိုမုန်းသောသူတို့အပေါ် ကျရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-