ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
ဆာလံ 122:9 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးချမ်းသာကို ငါရှာမည်။ Common Language Bible ငါတို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ကိုထောက်ထား၍ သင်၏စည်ပင်သာယာမှုအတွက် ဆုတောင်းပတ္ထနာပြုပါ၏။ Garrad Bible ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် အ တွက်၊ သင့် ကောင်း ကျိုး ကို ရှာ ကြံ ပါ မည်။ Judson Bible ငါတို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။ |
ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ဘုရားသခင်၏အိမ်တော်နှင့်အမှုတော်အတွက် အကျွန်ုပ်ကောင်းစွာလုပ်ဆောင်ခဲ့သည်ကို လျစ်လျူရှုတော်မမူပါနှင့်။
အစ္စရေးအမျိုးသားတို့၏ကောင်းကျိုးကို ပြုစုပေးမည့်သူတစ်ဦး ရောက်လာကြောင်း ဟောရနိလူမျိုး သမ္ဘာလတ်နှင့် အမ္မုန်လူမျိုး အမှုထမ်းတောဘိတို့ ကြားသိလျှင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်လေ၏။
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။ ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ကျရောက်ပါ၏။
အကယ်စင်စစ် ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌ တစ်ရက်နေရခြင်းသည် အခြားသောအရပ်၌ ရက်တစ်ထောင်နေရခြင်းထက် ပို၍ကောင်းပါ၏။ ဆိုးယုတ်သောသူ၏တဲတွင်နေရခြင်းထက် အကျွန်ုပ်ဘုရားသခင်၏အိမ်တော်၌ တံခါးစောင့်ဖြစ်ရခြင်းကို အကျွန်ုပ်ပို၍နှစ်သက်ပါ၏။
“ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏”ဟု ကျမ်းစာ၌ရေးထားသည်ကို တပည့်တော်တို့သည် သတိရကြ၏။