ထာဝရဘုရားသည် ငါ့ကိုကူညီမစသောအရှင်အဖြစ် ငါ့ဘက်၌ရှိတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့ကို အပေါ်စီးမှ ငါကြည့်မြင်ရလိမ့်မည်။
ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။
ထာ ဝ ရ ဘု ရား သည်၊ ထောက် မ သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက်၊ မုန်း ထား သူ တို့ ကို ငါ စီး ကြည့် ၍ အား ရ လိမ့် မည်။
ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလို ပြည့်စုံလိမ့်မည်။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
သူ၏စိတ်နှလုံးသည် တည်ငြိမ်သည်ဖြစ်၍ သူသည် မိမိ၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသည်အထိ ကြောက်ရွံ့ခြင်းရှိလိမ့်မည်မဟုတ်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်တော်မူ၏။ ဘုရားရှင်သည် ငါ့အသက်ကို ထောက်မသောသူတို့နှင့်အတူ ရှိတော်မူ၏။
အကျွန်ုပ်သည် စေတနာ့ပူဇော်သက္ကာကို ကိုယ်တော်အား ပူဇော်ပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ကောင်းမြတ်ပါ၏။
အမှန်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်ကို ဆင်းရဲဒုက္ခအပေါင်းတို့မှကယ်နုတ်တော်မူပြီဖြစ်၍ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်နိုင်ပါပြီ။
များစွာသောသူတို့သည် ငါ့ကိုဆန့်ကျင်ကြသော်လည်း ကိုယ်တော်သည် ငါရင်ဆိုင်ရသောစစ်မက်ထဲမှ ငါ၏စိတ်ဝိညာဉ်ကို ဘေးကင်းစွာ ရွေးနုတ်ကယ်တင်တော်မူ၏။
အကျွန်ုပ်၏မေတ္တာကရုဏာရှင် ဘုရားသခင်သည် အကျွန်ုပ်ကိုကြိုဆိုတော်မူလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်အား ရန်သူတို့ကို အပေါ်စီးမှကြည့်မြင်ရသောအခွင့်ကို ပေးတော်မူလိမ့်မည်။
ထိုသူတို့ကိုသတ်တော်မမူပါနှင့်။ သတ်လျှင် အကျွန်ုပ်၏လူမျိုးတို့သည် မေ့လျော့ကြပါလိမ့်မည်။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကိုလှည့်လည်သွားလာစေတော်မူပါ။ အကျွန်ုပ်တို့၏ဒိုင်းလွှားဖြစ်တော်မူသောဘုရားရှင်၊ သူတို့ကိုနိမ့်ကျစေတော်မူပါ။
အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်ရန်သူတို့၏အဖြစ်ကိုမြင်ရပါ၏။ အကျွန်ုပ်၏နားသည်လည်း အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွသည့် ဆိုးညစ်သောအမှုကိုပြုသောသူတို့၏အဖြစ်ကို ကြားရပါ၏။
သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၏လက်ယာလက်ကိုကိုင်လျက် သင့်အား “မကြောက်နှင့်။ သင့်ကိုငါကူညီမစမည်”ဟု မြွက်ဆိုသောသူဖြစ်၏။