ဆာလံ 118:7 - Common Language Bible7 ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible7 ထာ ဝ ရ ဘု ရား သည်၊ ထောက် မ သော အ ရှင် ဖြစ် တော် မူ သည့် အ လျောက်၊ မုန်း ထား သူ တို့ ကို ငါ စီး ကြည့် ၍ အား ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည်ဖြစ်၍၊ ငါ့ကို မုန်းသောသူတို့၌ ငါ့အလို ပြည့်စုံလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထာဝရဘုရားသည် ငါ့ကိုကူညီမစသောအရှင်အဖြစ် ငါ့ဘက်၌ရှိတော်မူသည်ဖြစ်၍ ငါ့ကိုမုန်းသောသူတို့ကို အပေါ်စီးမှ ငါကြည့်မြင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ထံတော်မှဝိညာဉ်တော်သည် အာမသဲအပေါ်သို့သက်ရောက်ကာနောင် အခါ၌ ရဲဘော်သုံးကျိပ်တို့၏တပ်မှူး ဖြစ်လာသူအာမသဲက၊ ``ယေရှဲ၏သားဒါဝိဒ်မင်း၊ကျွန်တော်တို့သည် အရှင်၏ဘက်တော်သားများဖြစ်ကြပါ၏။ ဘုရားသခင်သည်အရှင်၏ဘက်၌ရှိပါ၏။ အရှင်နှင့်တကွအရှင့်အားကူညီကြသူတို့ သည် အောင်မြင်ကြပါစေသော'' ဟုဟစ်အော် လျှောက်ထား၏။ ဒါဝိဒ်သည်ထိုသူတို့ကိုလက်ခံလျက် မိမိ တပ်တွင်အရာရှိများအဖြစ်ခန့်အပ်လေ၏။
အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။