ဂလာတိ 3:15 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ လူ၏ထုံးစံကိုပုံဆောင်၍ ငါပြောမည်။ လူတို့ချုပ်ဆိုထားသောစာချုပ်ပင်လျှင် မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်းမပြုရချေ။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့နေ့စဉ်တွေ့ကြုံနေ ကြအဖြစ်အပျက်များမှ ဥပမာတစ်ခု ကိုငါပေးအံ့။ လူတစ်ယောက်နှင့်တစ်ယောက် ကတိစာချုပ်ချုပ်ဆိုသောအခါ၌အချင်း ချင်းချုပ်ဆိုသောစာချုပ်မျှသာဖြစ်သော် လည်း ယင်းကိုသဘောတူချုပ်ဆိုပြီးသည် နှင့်တစ်ပြိုင်နက်စာချုပ်ပါကတိဝန်ခံ ချက်များကိုမည်သူမျှမပယ်ဖျက်၊ မဖြည့် စွက်နိုင်တော့ချေ။- Garrad Bible ညီ အစ် ကို တို့၊ လူ့ အ လိုက် ငါ ဆို လျင် လူ ချင်း ချုပ် ပြီး သော ပ ဋိ ညာဉ် ကို ပင် မည် သူ မျှ မ ပယ် ဖျက်၊ မ ထည့် သွင်း နိုင်။ Judson Bible ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။ |
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
ငါသည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတို့နှင့်တိုက်ခိုက်ခဲ့သည်ဆိုလျှင် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ငါတို့သည် မနက်ဖြန်သေကြရမည်ဖြစ်၍ စားလျက်သောက်လျက်နေကြကုန်စို့။
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။
ဘုရားသခင်သည် အာဗြဟံအား ကတိပေးတော်မူသောအခါ တိုင်တည်ပြောဆိုရန် မိမိထက် ကြီးမြတ်သောသူမရှိသောကြောင့် မိမိကိုယ်ကိုတိုင်တည်ပြောဆို၍
လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။
အကြောင်းမူကား သေတမ်းစာသည် ၎င်းကိုရေးထားသူအသက်ရှင်နေစဉ် အကျုံးမဝင်၊ ထိုသူသေဆုံးမှသာ အတည်ဖြစ်၏။