အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 1:25 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို အပြည့်အဝ​ဟောပြော​စေရန် သင်​တို့​အတွက် ငါ့​အား​ပေး​တော်မူ​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​နှင့်အညီ ငါ​သည် ထို​အသင်းတော်​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​၏​အ​ကျိုး​ငှာ​ဘု​ရား​သ​ခင်​သည်​ငါ့ အား​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​အ​ဖြစ် ခန့်​ထား​တော်​မူ​ပေ​သည်။ ငါ့​အား​ပေး​အပ်​တော် မူ​သော​အလုပ်​တာ​ဝန်​မှာ​နှုတ်​က​ပတ်​တ​ရား တော်​ကို​အ​ကုန်​အ​စင်​ကြေ​ညာ​ရန်​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင့် တ ရား တော် အ စုံ အ လင် ကြား ပြော မှု ကို ဘု ရား သ ခင် စီ ရင် ပေး သ နား တော် မူ သည့် အ တိုင်း ငါ သည် သင် တို့ အ ဖို့ အ သင်း တော်၏ အ မှု ဆောင် ဖြစ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော်​လည်း၊ ယ​ခု​တွင် သန့်​ရှင်း​သူ​တို့​အား ဖော်​ပြ​သော နက်​နဲ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို အ​ကုန်​အ​စင် ဟော​ပြော​စေ​ခြင်း​ငှာ၊ သင်​တို့​အ​ကျိုး​ကို ထောက်၍၊ ငါ့​အား အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​နှင့်​အ​ညီ၊ ငါ​သည် အ​သင်း​တော်၌ ဓ​မ္မ​ဆ​ရာ၏ အ​ဖြစ်​သို့​ရောက်​ရ​ပြီ။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား အပြည့်အစုံ​ဟောပြော​ရန် ကိုယ်တော်​သည် သင်တို့​အတွက် ကျွန်ုပ်​အား တာဝန်ပေး​၍ ခန့်ထားတော်မူ​သဖြင့် ကျွန်ုပ်​သည် အသင်းတော်​၏ အမှုဆောင်​ဖြစ်လာ၏။

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 1:25
10 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်လျှင် အာပေါလု​ကား မည်သူ​နည်း။ ပေါလု​ကား မည်သူ​နည်း။ သူ​တို့​သည် မိမိ​တို့​တစ်ဦးစီ​အား ထာဝရ​ဘုရား​ပေးအပ်​တော်မူ​သည့်​အတိုင်း သင်​တို့​ကို ယုံကြည်​ခြင်း​သို့​ပို့ဆောင်​ပေး​သော အမှု​တော်​ဆောင်​များ​ဖြစ်​ကြ​၏။


ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။


သင်​တို့​အတွက် ငါ့​အား​ပေးအပ်​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် စီမံ​ခန့်ခွဲ​မှု​ကို သင်​တို့​ကြားသိ​ကြ​သည်​ဟု ငါ​ယူဆ​၏။


တန်ခိုး​တော်​၏​လုပ်ဆောင်​မှု​အားဖြင့် ငါ့​အား​ပေးအပ်​ထား​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ဆိုင်ရာ​ကောင်းချီး​လက်ဆောင်​နှင့်အညီ ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော အမှု​တော်​ဆောင်​ဖြစ်လာ​၏။


သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။


ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​၌ ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်​သော ငါ​တို့​၏​ညီ တိမောသေ​ကို စေလွှတ်​လိုက်​၏။ သူ့​ကို​စေလွှတ်​ခြင်း​မှာ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ပတ်သက်၍ သင်​တို့​ကို တိုက်တွန်း​နှိုးဆော်​၍ ခိုင်ခံ့​မြဲမြံ​စေရန်​နှင့်


ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။