သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
ကမ္ဘာဦး 46:12 - မြန်မာ့စံမီသမ္မာကျမ်း ယုဒ၏သားများမှာ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇေရ တို့ဖြစ်ကြ၏။ ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌သေဆုံးကြ၏။ ဖာရက်၏သားများမှာ ဟေဇရုန်၊ ဟာမုလ တို့ဖြစ်ကြ၏။ Common Language Bible ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။- Garrad Bible ယု ဒ သား များ ကား ဧ ရ၊ သြ နန်၊ ရှေ လ၊ ဖာ ရက်၊ ဇေ ရ တို့ တည်း။ ၎င်း ဧ ရ နှင့် သြ နန် တို့ သည် ခါ နန် ပြည်၌ သေ လွန် ကြ ၏။ ဖာ ရက် သား များ ကား ဟေ ဇ ရုံ နှင့် ဟာ မု လ တို့ တည်း။ Judson Bible ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌သေသတည်း။ ဖာရက်သား၊ ဟေဇရုံနှင့် ဟာမုလ။ |
သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ဤတစ်ကြိမ်တွင် ငါသည် ထာဝရဘုရားကို ချီးမွမ်းမည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ယုဒ ဟုမှည့်ခေါ်လေ၏။ ထို့နောက် သူသည် သားဖွားခြင်းရပ်တန့်သွားလေ၏။
သူပြုသောအမှုသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသောအမှုဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုလည်း ကွပ်မျက်တော်မူ၏။
ထိုမိန်းမသည် နောက်တစ်ဖန် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ဩနန် ဟုမှည့်ခေါ်လေ၏။
နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
ယုဒ၏သားဦးဧရသည် ထာဝရဘုရားမျက်မှောက်တော်၌ဆိုးသောသူဖြစ်၏။ ထို့ကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်တော်မူ၏။
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူအဟိနောင်နှင့်ရသောအာမနုန်၊ ဒုတိယသားမှာ ကရမေလမြို့သူအဘိဂဲလနှင့်ရသောဒံယေလ၊
ယုဒ၏မြေး၊ ရှေလ၏သားများမှာ လေက၏ဖခင်ဧရ၊ မရေရှ၏ဖခင်လာဒ၊ ပိတ်ချောထည်ရက်လုပ်သူ အာရှဗာမျိုးနွယ်စု၊
ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။
ယုဒအမျိုးသား ဖာရက်၏သားမြေးများမှ ဗာနိ၏တီ၊ ဣမရိ၏မြစ်၊ ဩမရိ၏မြေး၊ အမိဟုဒ်၏သား ဥသဲ၊
ယုဒ၏သား ဇေရသားမြေးမှ ဆင်းသက်လာသောမေရှဇဗေလ၏သား ပေသဟိသည် ပြည်သူပြည်သားတို့၏အမှုကိစ္စအားလုံးကို စီမံရသော ရှင်ဘုရင်၏လက်ရုံးဖြစ်၏။
ယုဒအမျိုးကိုကား၊ အို ထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်းတော်မူ၍ သူ့လူမျိုးတို့ထံသို့ သူ့ကို ပို့ဆောင်တော်မူပါ။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရပါ၏။ သူ့ကိုရန်ပြုသောသူတို့လက်မှ ကိုယ်တော်သည် ကူညီမစသောအရှင်ဖြစ်တော်မူပါစေသော။
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။
ထာဝရဘုရားက “ယုဒအမျိုး ချီတက်ရမည်။ ကြည့်ရှုလော့။ ဤပြည်ကို သူတို့လက်သို့ ငါအပ်ပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ဤမိန်းမငယ်အားဖြင့် သင့်အားပေးတော်မူမည့် သင့်အမျိုးအနွယ်သည် ယုဒနှင့်တာမာမှဆင်းသက်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော”ဟု ဆိုကြ၏။