ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
ကမ္ဘာဦး 27:27 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် သူ့ထံသို့ချဉ်းကပ်၍ နမ်းလေ၏။ ထိုအခါ ဣဇက်သည် ယာကုပ်အဝတ်၏အနံ့ကိုခံ၍ “ကြည့်ရှုလော့။ ငါ့သား၏အနံ့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏ရနံ့နှင့်တူ၏။ Common Language Bible ယာကုပ်သည်ဖခင်ထံချဉ်းကပ်၍နမ်းလိုက် သောအခါ ဣဇာက်သည်သူ၏အဝတ်များကို အနံ့ခံလျက်``ငါ့သား၏အနံ့သည်ထာဝရ ဘုရားကောင်းချီးပေးသောလယ်၏ရနံ့ကဲ့ သို့သင်းကြိုင်ပါ၏။- Garrad Bible ယာ ကုပ် အ ၀တ် ၏ ရ နံ့ ကို ရ၍ အ ဘ က၊ ငါ့ သား၏ ရ နံ့ သည် ထာ၀ ရ ဘု ရား ကောင်း ကြီး ပေး တော် မူ သော လယ်၏ ရ နံ့ နှင့် တူ ၏။ Judson Bible အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရားကောင်းချီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။ |
ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
ထို့နောက် ရေဗက္ကာသည် အိမ်တွင် သူ၌ရှိသော သားကြီးဧသော၏အကောင်းဆုံးအဝတ်ကိုယူ၍ သားငယ်ယာကုပ်အား ဝတ်ဆင်ပေးလျက်
ထို့နောက် ယာကုပ်၏ဖခင်ဣဇက်က “ငါ့သား၊ ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကိုနမ်းလော့”ဟု ဆိုသဖြင့်
သူ၏ဖခင်ဣဇက်ကလည်း “ကြည့်ရှုလော့။ သင်နေထိုင်ရာအရပ်သည် မြေကြီးအဆီအနှစ်နှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်နှင်းနှင့်လည်းကောင်း ဝေးကွာလိမ့်မည်။
အစ္စရေးသည် အသက်ကြီးသောကြောင့် မျက်စိမှုန်၍မမြင်နိုင်ပေ။ ထို့ကြောင့် ယောသပ်သည် သူ၏သားတို့ကို အစ္စရေးအနီးသို့ခေါ်လာ၏။ ထိုအခါ အစ္စရေးသည် ယောသပ်၏သားတို့ကိုနမ်းပြီး ပွေ့ဖက်လေ၏။
အစ္စရေးသည် ယောသပ်အားကောင်းချီးပေးလျက် “ငါ့ဘိုးဘေးအာဗြဟံနှင့်ဣဇက်တို့ကိုးကွယ်သော ဘုရားသခင်၊ ငါ့အသက်တာတစ်လျှောက်လုံးတွင် ယနေ့တိုင်အောင် ငါ့ကိုထိန်းကျောင်းတော်မူသောဘုရားသခင်၊
ကိုယ်တော်သည် ထိုမြေပေါ်မှထွန်ကြောင်းတို့ကို စိုစွတ်စေ၍ ထယ်စာတို့ကို ညီညာစေတော်မူ၏။ ရွာသွန်းသောမိုးအားဖြင့် ထိုမြေကိုပျော့ပျောင်းစေ၍ ၎င်း၌ပေါက်သောအပင်ကို ကောင်းချီးပေးတော်မူ၏။
သဖန်းပင်မှ သဖန်းသီးစိမ်းများလည်း မှည့်စပြုလာပြီ။ စပျစ်ပင်များလည်း အပွင့်ပွင့်၍ မွှေးကြိုင်လေပြီ။ လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
ယောသပ်အမျိုးကိုကား၊ သူ၏ပြည်သည် ကောင်းကင်ရတနာဖြစ်သောနှင်းအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ဝပ်နေသည့်နက်ရှိုင်းသောရေထုအားဖြင့်လည်းကောင်း၊
ယုံကြည်ခြင်းအားဖြင့် ဣဇက်သည် နောင်ဖြစ်မည့်အရာများနှင့်ပတ်သက်၍ ယာကုပ်နှင့်ဧသောတို့ကို ကောင်းချီးပေး၏။
အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။