လောတသည် ဇောရမြို့၌နေထိုင်ရန်ကြောက်ရွံ့သဖြင့် ဇောရမြို့မှထွက်၍ မိမိသမီးနှစ်ယောက်တို့နှင့်အတူ တောင်ပေါ်မှာနေထိုင်လေ၏။ သူနှင့် သူ၏သမီးနှစ်ယောက်တို့သည် လိုဏ်ဂူထဲတွင် နေထိုင်ကြ၏။
လောတသည်ဇောရမြို့တွင်မနေထိုင်ဝံ့သဖြင့် သမီးနှစ်ယောက်တို့နှင့်အတူတောင်ပေါ်သို့ပြောင်းရွှေ့ပြီးလျှင် လိုဏ်ဂူတစ်ခုအတွင်း၌နေလေ၏။-
လော တ သည် ဇော ရ မြို့ မှာ မ နေ ၀ံ့ သော ကြောင့် ထို မြို့ မှ သ မီး နှစ် ယောက် နှင့် တ ကွ ထွက် ခဲ့၍ တောင် တန်း ပေါ် တွင် နေ ကြ၏။ သ မီး နှစ် ယောက် နှင့် အ တူ ဥ မင်၌ နေ စဥ် သ မီး အ ကြီး က၊ ငါ တို့ အ ဘ အို ပြီ။
လောတသည် ဇောရမြို့မှထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမင်၌နေ၏။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
အရှင်၏အစေအပါးသည် အရှင်၏ရှေ့၌ မျက်နှာရပါပြီ။ အကျွန်ုပ်၏အသက်ကိုချမ်းသာပေးခြင်းအားဖြင့် အကျွန်ုပ်အားပြသော အရှင်၏မေတ္တာသည် ကြီးမားလှပါ၏။ သို့ရာတွင် အကျွန်ုပ်သည် တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးအန္တရာယ်သည် အကျွန်ုပ်ကိုလိုက်မီ၍ သေရမည်ကိုစိုးရိမ်ပါ၏။
သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။
ငါ့စိတ်နှလုံးသည် မောဘပြည်အတွက် အော်ဟစ်၏။ ထိုပြည်မှထွက်ပြေးသောသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့အထိ ပြေးကြ၏။ လုဟိတ်မြို့သို့တက်သွားသောအခါ ငိုကြွေးလျက်တက်သွားကြ၏။ ပျက်စီးခြင်းကြောင့် ဟောရနိမ်မြို့သို့သွားရာလမ်း၌ အသံကိုလွှင့်၍ အော်ဟစ်ကြ၏။
နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။
နေဂေ့အရပ်နှင့် စွန်ပလွံမြို့ဟုခေါ်သောဂျေရိခေါမြို့၏ချိုင့်ဝှမ်းဒေသမှ ဇောရမြို့တိုင်အောင်လည်းကောင်း ပြည်တစ်ပြည်လုံးကို ပြတော်မူ၏။
ထိုသို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလေသမျှတို့၌ တည်ကြည်မှုမရှိသောသူဖြစ်၏။