ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။
၄ ရာ 4:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဧလိရှဲက မိမိငယ်သားအား “ထိုအမျိုးသမီးကိုပြောလော့။ သင်သည် ဤမျှလောက် ငါတို့ကိုဂရုတစိုက်ပြုစု၏။ ငါတို့က သင့်အဖို့ မည်သို့ပြုပေးရမည်နည်း။ ရှင်ဘုရင်ထံဖြစ်စေ၊ စစ်သူကြီးထံဖြစ်စေ လျှောက်တင်ပေးစရာ တစ်စုံတစ်ခုရှိသလော”ဟု မေးစေလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်သည် အကျွန်ုပ်လူမျိုးများနှင့်အတူ နေရသည်ဖြစ်၍ လိုလေသေးမရှိပါ”ဟု ပြန်လျှောက်၏။ Common Language Bible ဂေဟာဇိအား``ဤအမျိုးသမီးသည် ငါတို့ အားဤမျှဒုက္ခခံ၍လုပ်ကျွေးပြုစုသည့် အတွက် ငါတို့အဘယ်သို့ကျေးဇူးတုံ့ပြန် ရပါမည်နည်း။ သူ့အားမေးကြည့်ပါလော့။ သူသည်မိမိ၏အတွက်ငါ့အားဘုရင့်ထံ တော်သို့သော်လည်းကောင်း၊ တပ်မတော်ဗိုလ်ချုပ် ထံသို့သော်လည်းကောင်း သွားရောက်ပြောကြား ပေးရန်အလိုရှိကောင်းရှိပေလိမ့်မည်'' ဟု ဆို၏။ ထိုအခါအမျိုးသမီးက``ကျွန်မသည်ဤ အရပ်တွင် ဆွေမျိုးများနှင့်နေရသဖြင့်ကျွန်မ မှာလိုလေသေးမရှိပါ'' ဟုပြန်ပြော၏။ Garrad Bible ဧ လိ ရှဲ က၊ ငါ တို့ ကို ဤ မျှ လောက် ကြည် ညို စွာ သင် ပြု သည့် အ တွက် မည် သို့ တုံ့ ဆပ် ရ မည် နည်း။ ဘု ရင် မင်း ထံ ဖြစ် စေ၊ ဗိုလ် ချုပ် ထံ ဖြစ် စေ၊ ပြော စေ လို သ လော ဟူ ၍ ဂေ ဟာ ဇိ အား မေး စေ ရာ၊ မိန်း မ က၊ တ ပည့် တော် မ သည် ဆွေ မျိုး ဘောင် တွင် ရောင့် ရဲ ခွင့် ရ ရှိ ပါ ပြီ ဟု ပြန် လျှောက် ၏။ Judson Bible ဧလိရှဲက၊ သင်သည်ငါတို့အဖို့ ဤမျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဖို့အဘယ်သို့ ပြုရမည်နည်း။ သင့်အဖို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။ |
ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
သူသည် သူ့ထက်ပို၍ဖြောင့်မတ်မှန်ကန်သူနှစ်ဦးဖြစ်သော အစ္စရေးစစ်သူကြီး နေရ၏သားအာဗနာနှင့် ယုဒစစ်သူကြီး ယေသာ၏သားအာမသတို့ကို ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး မသိဘဲ ဓားနှင့်သတ်ခဲ့၏။ ဤသို့ လူအသက်သတ်သောအပြစ်ကို ထာဝရဘုရားသည် သူ့ခေါင်းပေါ်သို့ ရောက်စေတော်မူမည်။
ထို့နောက် မိမိငယ်သားဂေဟာဇိအား “ထိုရှုနင်မြို့သူကို ခေါ်လိုက်ပါ”ဟုဆို၏။ ဂေဟာဇိခေါ်လိုက်သဖြင့် ထိုအမျိုးသမီးသည် ဧလိရှဲရှေ့၌ ရပ်နေ၏။
တစ်ဖန် ဧလိရှဲက ဂေဟာဇိအား “သူ့ကို မည်သို့ပြုပေးသင့်သနည်း”ဟု မေးပြန်လျှင် ဂေဟာဇိက “သူ၌ သားမရှိပါ။ ခင်ပွန်းသည်လည်း အသက်ကြီးပါပြီ”ဟု ပြန်လျှောက်၏။
ထို့နောက် ဧလိရှဲက သူအသက်ပြန်ရှင်စေခဲ့သောသူငယ်၏မိခင်အား “သင်နှင့်သင့်အိမ်သူအိမ်သားတို့ ထ၍ထွက်သွားကြပါ။ သင်တည်းခိုနေထိုင်နိုင်မည့်နေရာတွင် တည်းခိုနေထိုင်ပါ။ ထာဝရဘုရားသည် ဤပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်စေမည်။ တစ်ပြည်လုံး ခုနစ်နှစ်အစာခေါင်းပါးမည်”ဟု ပြော၏။
သူရောက်လာသောအခါ တပ်မှူးကြီးတို့ ထိုင်နေကြသည်ကို တွေ့ရ၏။ ထိုအခါ သူက “တပ်မှူးကြီး၊ သင့်အဖို့ သတင်းစကားပါ၏”ဟု ဆိုလျှင် ယေဟုက “အားလုံးထဲမှ မည်သူ့ကို ဆိုလိုသနည်း”ဟု မေး၏။ ထိုအခါ လုလင်ပျိုပရောဖက်က “တပ်မှူးကြီး၊ သင့်ကို ဆိုလိုပါ၏”ဟု ပြန်ပြော၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
သန့်ရှင်းသူများပြုသင့်သည့်အတိုင်း သခင်ဘုရား၌ သူ့ကိုလက်ခံ၍ သင်တို့ထံမှ သူလိုအပ်သမျှသောအရာကို ကူညီဆောင်ရွက်ပေးကြလော့။ အမှန်စင်စစ် သူသည် ငါကိုယ်တိုင်မှစ၍ များစွာသောသူတို့ကို ကူညီခဲ့သူဖြစ်၏။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။