ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
၃ ရာ 7:29 - မြန်မာ့စံမီသမ္မာကျမ်း ဘောင်ကွပ်ထားသောကြေးနီပြားများပေါ်တွင် ခြင်္သေ့ရုပ်၊ နွားရုပ်၊ ခေရုဗိမ်ရုပ်များပါရှိပြီး ဘောင်တို့၌ ခြင်္သေ့ရုပ်နှင့်နွားရုပ်တို့၏အထက်ဘက်နှင့်အောက်ဘက်တို့တွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။ Common Language Bible ထိုမှန်ပုံများတွင် ခြင်္သေ့ရုပ်၊ နွားရုပ်နှင့်ခေရုဗိမ် ရုပ်များကိုထုလုပ်ထား၏။ ခြင်္သေ့ရုပ်များ၊ နွားရုပ် များ၏အထက်နှင့်အောက်တွင်ရှိသည့်ဘောင် များ၏အပေါ်၌ပန်းဆိုင်းများကိုရုပ်လုံး ဖော်၍ထုလုပ်ထား၏။- Judson Bible ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ်အပေါ်မှာ ခုံတစ်ခုတင်လျက်ရှိ၏။ ခြင်္သေ့နှင့်နွားအောက်၌လည်း အပြောက်မျိုးရှိ၏။ |
ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ထိုခေရုဗိမ်တို့ကို အိမ်တော်အတွင်းခန်းတွင် ထားရှိ၏။ ခေရုဗိမ်၏အတောင်ပံတို့သည် ဖြန့်လျက်နေ၍ တစ်ပါး၏အတောင်ပံသည် နံရံတစ်ဖက်ကိုထိ၍ အခြားတစ်ပါး၏အတောင်ပံသည် နံရံအခြားတစ်ဖက်ကိုထိနေ၏။ ကျန်တောင်ပံနှစ်ခုမှာ အခန်းအလယ်တွင် အချင်းချင်းထိစပ်လျက်ရှိ၏။
ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့ သုံးကောင်၊ အနောက်ဘက်သို့ သုံးကောင်၊ တောင်ဘက်သို့ သုံးကောင်၊ အရှေ့ဘက်သို့ သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။
ထိုတွန်းလှည်းများ၏ပုံစံမှာ ကြေးနီပြားဘေးဘောင်များပါရှိ၏။ ထိုကြေးနီပြားများကို ဘောင်ကွပ်ထား၏။
တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
ကရုဏာတော်ပလ္လင်၏အစွန်းနှစ်ဖက်၌ ခေရုဗိမ်နှစ်ပါးကို ရွှေဖြင့်ထုလုပ်ထားရမည်။
တစ်ပါးစီ၏မျက်နှာပုံသဏ္ဌာန်မှာ ရှေ့မျက်နှာသည် လူမျက်နှာ၊ ယာဘက်မျက်နှာသည် ခြင်္သေ့မျက်နှာ၊ ဝဲဘက်မျက်နှာသည် နွားမျက်နှာ၊ အနောက်ဘက်မျက်နှာသည် လင်းယုန်ငှက်မျက်နှာ စသည်ဖြင့်
ခေရုဗိမ်တစ်ပါးစီတွင် မျက်နှာလေးခုစီပါရှိ၏။ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် လင်းယုန်မျက်နှာဖြစ်၏။
ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။
ထိုသေတ္တာပေါ်တွင် ဘုန်းအသရေနှင့်ပြည့်စုံသောခေရုဗိမ်တို့သည် အသနားခံရာပလ္လင်ကို အုပ်မိုးထားကြ၏။ ဤအရာများအကြောင်းကို ယခုအသေးစိတ်ပြောပြ၍ မရနိုင်ပေ။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။