ဟေဗြဲ 9:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထိုသေတ္တာပေါ်တွင် ဘုန်းအသရေနှင့်ပြည့်စုံသောခေရုဗိမ်တို့သည် အသနားခံရာပလ္လင်ကို အုပ်မိုးထားကြ၏။ ဤအရာများအကြောင်းကို ယခုအသေးစိတ်ပြောပြ၍ မရနိုင်ပေ။ Ver CapítuloCommon Language Bible5 သေတ္တာတော်ပေါ်တွင်ခေရုဗိမ်ရုပ်များရှိ၏။ ခေရု ဗိမ်တို့သည်ဘုရားသခင်ကိန်းဝပ်တော်မူခြင်းကို သရုပ်ဆောင်ကြ၏။ သူတို့၏အတောင်များသည် အပြစ်ဖြေရာပလ္လင်ကိုဖြန့်လျက်နေ၏။ ထိုအရာ များကိုယခုအသေးစိတ်ဖော်ပြရန်မလိုပေ။ Ver CapítuloJudson Bible5 ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်းမရှိ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသေတ္တာပေါ်တွင် ဘုန်းအသရေရှိသောခေရုဗိမ်တို့သည် တောင်ပံများဖြန့်လျက် အပြစ်ဖြေရာပလ္လင်ကို အုပ်မိုးထား၏။ သို့သော် ယခုအခါတွင် ဤအရာများကို အသေးစိတ် ပြော၍ မရပေ။ Ver Capítulo |
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။