ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် အစ္စရေးမျိုးနွယ်ပိုင်မြို့အားလုံးထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့ကို ထောက်ထားပြီး မျိုးနွယ်တစ်နွယ်ကို သူ့အဖို့ ချန်ထားမည်။
၃ ရာ 12:21 - မြန်မာ့စံမီသမ္မာကျမ်း ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ပြီး ရှောလမုန်မင်းကြီး၏သားတော် ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်တစ်နွယ်လုံးနှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။ Common Language Bible ရောဗောင်သည်ယေရုရှလင်မြို့သို့ရောက်ရှိလာ သောအခါ ဣသရေလပြည်မြောက်ပိုင်းကိုပြန် လည်သိမ်းပိုက်ရန်ကြံစည်လျက် ယုဒနှင့်ဗင်္ယာ မိန်အနွယ်များမှလက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းကိုစုရုံးစေတော်မူ၏။ Garrad Bible ယေ ရု ရှ လင် မြို့ သို့ ရော ဗောင် မင်း ပြန် ရောက် သော အ ခါ ဣ သ ရေ လ အ မျိုး နှင့် စစ် တိုက် ၍ နိုင် ငံ တော် ကို ရှော လ မုန် မင်း သား တော် ရော ဗောင် မင်း လက် သို့ ပြန် ရောက် စေ ရန် ယု ဒ အ မျိုး တွင် ဗင်္ယာ မိန့် အ နွယ် ပါ လက် ရွေး သူ ရဲ ပေါင်း တစ် သိန်း ရှစ် သောင်း တို့ ကို စု ရုံး သည့် ကာ လ ဘု ရား သ ခင့် လူ ယုံ တော် Judson Bible ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကိုစစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှာ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သောစစ်သူရဲ တစ်သိန်းရှစ်သောင်းတို့ကို စုဝေးစေ၏။ |
ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် အစ္စရေးမျိုးနွယ်ပိုင်မြို့အားလုံးထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့ကို ထောက်ထားပြီး မျိုးနွယ်တစ်နွယ်ကို သူ့အဖို့ ချန်ထားမည်။
ရောဗောင်မင်းကြီးနှင့် ယေရောဗောင်မင်းကြီးတို့သည် အသက်ရှင်သမျှကာလပတ်လုံး အချင်းချင်းစစ်တိုက်ခဲ့ကြ၏။
ယွာဘသည် လူအရေအတွက်စာရင်းကို ဒါဝိဒ်မင်းကြီးထံ ပေးအပ်၏။ စာရင်းအရ အစ္စရေးတစ်မျိုးနွယ်လုံးတွင် ဓားကိုင်တပ်သား အားလုံးပေါင်းအယောက်တစ်ဆယ့်တစ်သိန်း၊ ယုဒအမျိုးတွင် ဓားကိုင်တပ်သား အယောက်လေးသိန်းခုနစ်သောင်း ရှိ၏။
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။