၂ ရာချုပ် 14:8 - မြန်မာ့စံမီသမ္မာကျမ်း8 အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။ Ver CapítuloCommon Language Bible8 အာသမင်းတွင်ဒိုင်းလွှားလှံတံကိုင်ဆောင်သူ ယုဒစစ်သည်သုံးသိန်းနှင့် ဗင်္ယာမိန်စစ်သည်နှစ် သိန်းရှစ်သောင်းပါဝင်သည့်တပ်မတော်ရှိလေ သည်။ ထိုသူအပေါင်းတို့သည်ရဲစွမ်းသတ္တိရှိ၍ ကောင်းစွာလေ့ကျင့်ထားသူများဖြစ်ကြ၏။ Ver CapítuloGarrad Bible8 အာ သ မင်း ၌၊ ဒိုင်း လွှား ရှည် နှင့် လှံ ကိုင် ယု ဒ သူ ရဲ ကောင်း သုံး သိန်း၊ ဒိုင်း လွှား ဝိုင်း နှင့် လေး ကိုင် ဗင်္ယာ မိန့် သူ ရဲ ကောင်း နှစ် သိန်း ရှစ် သောင်း ရှိ ၏။ Ver CapítuloJudson Bible8 အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒအမျိုးသူရဲ သုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲ နှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။ Ver Capítulo |
အာမဇိမင်းကြီးသည် ယုဒလူမျိုးတို့ကို စုဝေးစေပြီး ယုဒလူမျိုးနှင့်ဗင်္ယာမိန်လူမျိုးအပေါင်းတို့တွင် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် နေရာချထား၏။ ထို့ပြင် အသက်နှစ်ဆယ်နှင့်အထက်ရှိသူတို့ကို စာရင်းကောက်ရာတွင် လှံနှင့်ဒိုင်းလွှားတို့ကို ကိုင်ဆောင်ပြီး စစ်မှုထမ်းနိုင်သူ လက်ရွေးစင်စစ်သည် သုံးသိန်းရှိ၏။