ယွာဘနှင့် အဘိရှဲမူကား အာဗနာကို ဆက်လိုက်ကြပြီး နေဝင်ချိန်တွင် ဂိဗောင်တောကန္တာရသွားရာလမ်း၊ ဂိအာမြို့နှင့်မျက်နှာချင်းဆိုင် အမ္မတောင်ကုန်းသို့ ရောက်လာကြ၏။
၂ ရာ 2:23 - မြန်မာ့စံမီသမ္မာကျမ်း အာသဟေလသည် ပြန်မလှည့်ဘဲဆက်၍လိုက်နေသောကြောင့် အာဗနာသည် သူ့ကို လှံဖြင့် နောက်ပြန်ထိုးလိုက်ရာ လှံသည် ဝမ်းဗိုက်မှ နောက်ကျောအထိ ထုတ်ချင်းပေါက်သွားပြီး သူသည် ထိုနေရာတွင်ပင် လဲကျသေဆုံးသွားလေ၏။ အာသဟေလ လဲကျသေဆုံးသောနေရာသို့ ရောက်လာသူအားလုံးလည်း ရပ်တန့်သွားကြ၏။ Common Language Bible သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။ Garrad Bible အာ သ ဟေ လ မ နာ မ ယူ ဘဲ အ မြဲ လိုက် သော ကြောင့် အာ ဗ နာ သည် လှံ အ နှောင့် နှင့် ဝမ်း ကို ထုတ် ချင်း ပေါက် ထိုး သ ဖြင့် လဲ ကျ ရာ တွင် အာ သ ဟေ လ သေ လေ၏။ အာ သ ဟေ လ လဲ သေ သော အ ရပ် သို့ ရောက် သ မျှ သူ တို့ ရပ် ဆိုင်း ကြ သော် လည်း Judson Bible အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျားဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည်လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလ လဲ၍သေသော ထိုအရပ်သို့ ရောက်သောသူအပေါင်းတို့သည် ရပ်နေကြ၏။ |
ယွာဘနှင့် အဘိရှဲမူကား အာဗနာကို ဆက်လိုက်ကြပြီး နေဝင်ချိန်တွင် ဂိဗောင်တောကန္တာရသွားရာလမ်း၊ ဂိအာမြို့နှင့်မျက်နှာချင်းဆိုင် အမ္မတောင်ကုန်းသို့ ရောက်လာကြ၏။
အာမသသည် ယွာဘလက်၌ ဓားကိုင်ထားသည်ကို သတိမထားမိ။ ယွာဘက အာမသ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် အာမသသည် အူများမြေပေါ်သို့ ထွက်ကျ၍ နောက်တစ်ချက်မထိုးရဘဲ သေလေ၏။ ထို့နောက် ယွာဘနှင့်သူ့ညီ အဘိရှဲသည် ဗိခရိ၏သား ရှေဘကို ဆက်လိုက်ကြ၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ယွာဘနှင့် သူ့ညီအဘိရှဲတို့သည် အာဗနာကိုသတ်လေ၏။ အကြောင်းမူကား ဂိဗောင်တိုက်ပွဲတွင် အာဗနာသည် သူတို့၏ညီ အာသဟေလကို သတ်သောကြောင့်ဖြစ်၏။
ရေခပ်နှင့်ဗာနာ ညီအစ်ကိုနှစ်ဦးသည် ဂျုံစပါးယူသူအယောင်ဆောင်ပြီး အိမ်အတွင်းခန်းသို့ဝင်ကာ ဣရှဗောရှက်မင်းကြီး၏ဝမ်းကို ထိုးပြီးလျှင် ထွက်ပြေးသွားကြ၏။
တစ်ခါသော် ရှင်ဘုရင်နှင့် သူ့လူတို့သည် ပြည်သားရင်း ယေဗုသိလူမျိုးတို့နေထိုင်ရာ ဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ ထိုသူတို့က “ဒါဝိဒ်သည် ဤမြို့ထဲသို့ ဝင်နိုင်မည်မဟုတ်”ဟု ထင်မှတ်သောကြောင့် ဒါဝိဒ်မင်းကြီးအား “သင်သည် ဤပြည်ထဲသို့ မဝင်ရ။ မျက်မမြင်သူများ၊ ခြေမသန်သူများကပင် သင့်ကို နှင်ထုတ်ကြလိမ့်မည်”ဟု ဆိုကြ၏။