၂ ရာ 5:6 - မြန်မာ့စံမီသမ္မာကျမ်း6 တစ်ခါသော် ရှင်ဘုရင်နှင့် သူ့လူတို့သည် ပြည်သားရင်း ယေဗုသိလူမျိုးတို့နေထိုင်ရာ ဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ ထိုသူတို့က “ဒါဝိဒ်သည် ဤမြို့ထဲသို့ ဝင်နိုင်မည်မဟုတ်”ဟု ထင်မှတ်သောကြောင့် ဒါဝိဒ်မင်းကြီးအား “သင်သည် ဤပြည်ထဲသို့ မဝင်ရ။ မျက်မမြင်သူများ၊ ခြေမသန်သူများကပင် သင့်ကို နှင်ထုတ်ကြလိမ့်မည်”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible6 ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။- Ver CapítuloGarrad Bible6 ယေ ရု ရှ လင် မြို့ နေ၊ တိုင်း ရင်း သား ဖြစ် သူ၊ ယေ ဗု သိ လူ မျိုး တို့ ကို တိုက် ခိုက် ရန် ရဲ မက် တို့ နှင့် တ ကွ ဘု ရင် မင်း ကိုယ် တိုင် ချီ သွား လျှင် ထို သူ တို့ က ဤ မြို့ ကို ဒါ ဝိဒ် မင်း မ ဝင် နိုင် ဟု ထင် မှတ် လျက် သင် မ ဝင် နိုင် ရန် မျက် မ မြင် နှင့် ခြေ ဆွံ့ တို့ သာ ဆီး ဆို့ ကြ လိမ့် မည် ဟု ဒါ ဝိဒ် မင်း အား ကြား ပြော ကြ လေ ၏။ Ver CapítuloJudson Bible6 တစ်ဖန် ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ချီသွားလျှင်၊ သူတို့က သင်သည် ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည် ဤမြို့ထဲသို့မဝင်ရဟု ဆိုကာမျှနှင့် သင့်ကိုဆီးတားလိမ့်မည်ဟု ဆိုကြ၏။ Ver Capítulo |