၂ ရာ 20:10 - မြန်မာ့စံမီသမ္မာကျမ်း10 အာမသသည် ယွာဘလက်၌ ဓားကိုင်ထားသည်ကို သတိမထားမိ။ ယွာဘက အာမသ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် အာမသသည် အူများမြေပေါ်သို့ ထွက်ကျ၍ နောက်တစ်ချက်မထိုးရဘဲ သေလေ၏။ ထို့နောက် ယွာဘနှင့်သူ့ညီ အဘိရှဲသည် ဗိခရိ၏သား ရှေဘကို ဆက်လိုက်ကြ၏။ Ver CapítuloCommon Language Bible10 အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။- Ver CapítuloGarrad Bible10 ကောက် ကိုင် သော ဓား နှင့် အာ မ သ သ တိ လစ် စဉ်၊ ဝမ်း ကို တစ် ချက် တည်း အ သေ ထိုး သတ် ရာ အူ ထွက်၍ မြေ သို့ ကျ လေ ၏။ ဗိ ခ ရိ သား ရှေ ဘ ကို ယွာ ဘ နှင့် ညီ အ ဘိ ရှဲ တို့ လိုက် လံ ကြ သည့် ကာ လ၊ Ver CapítuloJudson Bible10 လက်ဝဲလက်၌ကိုင်သောဓားကို အာမသသည် သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသားရှေဘကို လိုက်ကြ၏။ Ver Capítulo |