ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။
၂ ရာ 19:12 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကို၊ ငါ့အရိုးအသားဖြစ်သောသင်တို့သည် ရှင်ဘုရင်ကို နန်းတော်သို့ပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် နောက်ကျနေရသနည်း’ဟု ပြောလော့။ Common Language Bible သင်တို့သည်ငါ၏ဆွေမျိုး၊ ငါ၏သွေးသား များဖြစ်ကြ၏။ ငါ့အားပြန်လည်ခေါ်ဆောင် ရန်အဘယ်ကြောင့်နောက်ကျနေရပါသနည်း'' ဟုမေးမြန်းစေရန်ယဇ်ပုရောဟိတ်ဇာဒုတ် နှင့်အဗျာသာတို့ကိုယုဒခေါင်းဆောင် များထံသို့စေလွှတ်တော်မူ၏။- Judson Bible သင်တို့သည် ငါ့ညီအစ်ကို၊ ငါ့အရိုး၊ ငါ့အသားဖြစ်၍၊ ရှင်ဘုရင်ကို ပြန်ပို့မည့်အမှုမှာ အဘယ်ကြောင့်နောက်ကျကြသနည်း ဟူ၍လည်းကောင်း၊ |
ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။
လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံသို့ လာပြီး ရှင်ဘုရင်အား “အကျွန်ုပ်တို့၏ညီအစ်ကို ယုဒအမျိုးသားတို့သည် အရှင့်ကို အဘယ်ကြောင့် ခိုးယူပြီး အရှင်မင်းကြီးမှစ၍ နန်းတွင်းသူနန်းတွင်းသားများနှင့်တကွ ဒါဝိဒ်မင်းကြီး၏လူအားလုံးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသနည်း”ဟု လျှောက်တင်ကြ၏။
ယုဒအမျိုးသားအပေါင်းတို့ကလည်း အစ္စရေးအမျိုးသားတို့အား “ရှင်ဘုရင်သည် ငါတို့၏ဆွေမျိုးရင်းချာဖြစ်၏။ ဤအမှုကြောင့် သင်တို့ အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ ရှင်ဘုရင်၏ရိက္ခာတော်ကို ငါတို့စားကြသလော။ ရှင်ဘုရင်ထံမှ တစ်စုံတစ်ရာကို ငါတို့ယူကြသလော”ဟု ပြန်ပြောကြလျှင်
အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ လာ၍ “အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
တစ်နည်းနည်းဖြင့် ငါ၏အမျိုးသားချင်းတို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ သူတို့ထဲမှ အချို့တို့ကိုကယ်တင်နိုင်ရန် ငါမျှော်လင့်နေ၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
“ ‘သင်တို့ကို ယေရုဗ္ဗာလ၏သား အယောက်ခုနစ်ဆယ်အုပ်စိုးသည်က ပိုကောင်းသလော။ သို့မဟုတ် တစ်ဦးတည်းအုပ်စိုးသည်က ပိုကောင်းသလော’ဟူ၍ ရှေခင်မြို့သားအပေါင်းတို့အား ပြောကြားလော့။ ငါသည် သင်တို့၏သွေးရင်းသားရင်းဖြစ်သည်ကို သတိရကြပါ”ဟု ဆို၏။