၂ ရာ 19:42 - မြန်မာ့စံမီသမ္မာကျမ်း42 ယုဒအမျိုးသားအပေါင်းတို့ကလည်း အစ္စရေးအမျိုးသားတို့အား “ရှင်ဘုရင်သည် ငါတို့၏ဆွေမျိုးရင်းချာဖြစ်၏။ ဤအမှုကြောင့် သင်တို့ အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ ရှင်ဘုရင်၏ရိက္ခာတော်ကို ငါတို့စားကြသလော။ ရှင်ဘုရင်ထံမှ တစ်စုံတစ်ရာကို ငါတို့ယူကြသလော”ဟု ပြန်ပြောကြလျှင် Ver CapítuloCommon Language Bible42 ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။ Ver CapítuloGarrad Bible42 ယု ဒ သူ ရဲ အ ပေါင်း တို့ က၊ ဘု ရင် မင်း သည် ငါ တို့ နှင့် နီး စပ် သည် မ ဟုတ် ပါ လော။ ဤ အ မှု အ တွက် အ ဘယ် ကြောင့် စိတ် မျက် ကြ သ နည်း။ ငါ တို့ သည် ဘု ရင် မင်း၏ ရိ က္ခာ တော် ကို စား ၍ ဆု လပ် တော် ကို ခံ ယူ ကြ ပါ သ လော ဟု ပြန် ပြော ကြ လျှင်၊ ဣ သ ရေ လ သူ ရဲ တို့ က လည်း၊ Ver CapítuloJudson Bible42 ယုဒအမျိုးသားအပေါင်းတို့က၊ ရှင်ဘုရင်သည် ငါတို့နှင့် ပေါက်ဖော်တော်သည်ဖြစ်၍၊ ဤအမှု၌ သင်တို့သည် အဘယ်ကြောင့် စိတ်ဆိုးကြသနည်း။ ရှင်ဘုရင်၏ ရိက္ခာတော်ကို ငါတို့စားကြသလော။ ငါတို့အား တစ်စုံတစ်ခုသော ဆုကိုပေးတော်မူသလောဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောကြ၏။ Ver Capítulo |
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။