၂ ရာ 19:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဒါဝိဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့ထံ လူလွှတ်၍ “ယုဒသက်ကြီးဝါကြီးတို့အား ‘အစ္စရေးလူမျိုးအပေါင်းတို့၏စကားသည် ဘုရင့်နန်းတော်သို့ပင် ရောက်လာလေပြီ။ သင်တို့မူကား ရှင်ဘုရင်ကို နန်းတော်သို့ပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် နောက်ကျနေသနည်း။ Ver CapítuloCommon Language Bible11 ဤသို့ဣသရေလအမျိုးသားတို့ပြောဆို နေကြသည့်သတင်းသည် ဒါဝိဒ်ထံသို့ ရောက်ရှိလာ၏။ ``အဘယ်ကြောင့်သင်တို့ သည်မိမိတို့ဘုရင်အားနန်းတော်သို့ပြန် လည်ခေါ်ဆောင်ရန် ဣသရေလအမျိုး သားတို့ထက်နောက်ကျလျက်နေကြပါ သနည်း။- Ver CapítuloGarrad Bible11-12 ဒါ ဝိဒ် မင်း သည် ပ ရော ဟိတ် ဇာ ဒုတ် နှင့် အ ဗျာ သာ တို့ ထံ အ မိန့် ရှိ လိုက် သည် မှာ ဘု ရင် မင်း ကို နန်း တော် သို့ ဆောင် ကြဉ်း ရန် ဣ သ ရေ လ တစ် မျိုး လုံး တိုင် ပင် သော စ ကား ငါ ကြား ရ ပြီ။ သင် တို့ မူ ကိုယ့် ဘု ရင် ကို နန်း တော် သို့ ဆောင် ကြဉ်း အံ့ သော အ ရေး၌ နှောင့် နှေး ကြ သည် ကား အ ဘယ် ကြောင့် နည်း။ သင် တို့ သည် ငါ့ ညီ အစ် ကို ငါ့ အ ရိုး အ သား ဖြစ် လျက် ဆောင် ကြဉ်း ရန် အ ရေး၌ အ ဘယ် ကြောင့် နှောင့် နှေး ကြ သ နည်း ဟု ယု ဒ လူ ကြီး တို့ အား ပြော ဆို လော့။ Ver CapítuloJudson Bible11 ဒါဝိဒ်မင်းကြီးသည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာတို့ထံသို့ လူကိုစေလွှတ်၍၊ ယုဒအမျိုး သက်ကြီးသူတို့ထံသို့ သွား၍ပြောရမည်ကား၊ ရှင်ဘုရင်ကို နန်းတော်သို့ ပြန်ပို့ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျကြသနည်း။ ရှင်ဘုရင်သည် စံနန်းတော်၌ နေစဉ်အခါ၊ ဣသရေလအမျိုးသားအပေါင်းတို့ ပြောတတ်သောစကားကို ကြားတော်မူပြီ။ Ver Capítulo |
ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံသို့ လာပြီး ရှင်ဘုရင်အား “အကျွန်ုပ်တို့၏ညီအစ်ကို ယုဒအမျိုးသားတို့သည် အရှင့်ကို အဘယ်ကြောင့် ခိုးယူပြီး အရှင်မင်းကြီးမှစ၍ နန်းတွင်းသူနန်းတွင်းသားများနှင့်တကွ ဒါဝိဒ်မင်းကြီး၏လူအားလုံးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသနည်း”ဟု လျှောက်တင်ကြ၏။