ထိုသို့ဖြင့် ဒါဝိဒ်မင်းကြီး၏နောက်ဆုံးအမိန့်တော်အတိုင်း အသက်နှစ်ဆယ်နှင့်အထက် လေဝိသားမြေးတို့ကို စာရင်းကောက်ကြ၏။
၁ ရာချုပ် 23:26 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတို့သည်လည်း ကိန်းဝပ်တော်မူရာတဲတော်နှင့် အမှုတော်ထမ်းဆောင်ရာတွင်သုံးသော တဲတော်၏အသုံးအဆောင်တို့ကို သယ်ဆောင်ရတော့မည်မဟုတ်”ဟု မိန့်ဆို၏။ Common Language Bible ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။- Garrad Bible လေ ဝိ ဂိုဏ်း သား တို့ သည် တဲ တော် နှင့် အ ဆောင် အ ရွက် တော် များ ကို ပင့် ဆောင် ရန် အ ကြောင်း မ ရှိ ဟု အောက် မေ့ လျက်၊ Judson Bible လေဝိသားတို့သည် တဲတော်နှင့် တဲတော်အမှု ဆောင်ရွက်ရာတန်ဆာများကို နောက်တစ်ဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။ |
ထိုသို့ဖြင့် ဒါဝိဒ်မင်းကြီး၏နောက်ဆုံးအမိန့်တော်အတိုင်း အသက်နှစ်ဆယ်နှင့်အထက် လေဝိသားမြေးတို့ကို စာရင်းကောက်ကြ၏။
အစ္စရေးတစ်မျိုးနွယ်လုံးကို သွန်သင်သောသူများဖြစ်၍ ထာဝရဘုရားအဖို့ သန့်ရှင်းသူများဖြစ်သောလေဝိအမျိုးသားတို့ကိုလည်း “သန့်ရှင်းသောသေတ္တာတော်ကို ဒါဝိဒ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့သော အိမ်တော်တွင် ထားကြလော့။ သင်တို့ပခုံးဖြင့် ထမ်းသွားစရာမလိုတော့ပေ။ ယခုမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သူ၏လူမျိုးတော်အစ္စရေးတို့အဖို့ အမှုတော်ကိုထမ်းကြပါလော့။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။
ကောဟတ်သားမြေးတို့ကိုမူကား မပေးအပ်ချေ။ အကြောင်းမှာ သူတို့သည် သန့်ရှင်းသောအရာတို့ကို တာဝန်ယူရ၍ ၎င်းတို့ကို ပခုံးဖြင့် ထမ်းရသောကြောင့်ဖြစ်၏။
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။