တောလည် 4:5 - မြန်မာ့စံမီသမ္မာကျမ်း5 တပ်စခန်းရွှေ့ပြောင်းချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည်ဝင်လာ၍ ကန့်လန့်ကာကိုဖြုတ်သိမ်းပြီးလျှင် ထိုကန့်လန့်ကာဖြင့် သက်သေခံချက်သေတ္တာတော်ကို ဖုံးအုပ်ရမည်။ Ver CapítuloCommon Language Bible5 ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။- Ver CapítuloGarrad Bible5 ကော ဟတ် သား တို့ တာ ဝန် မှာ အာ ရုန် နှင့် သား တို့ သည် တပ် တော် ထွက် ချီ တိုင်း ဝင်၍ ဖြုတ် ချ သော ကာ ရန် ကန့် လန့် ကာ ဖြင့် သက် သေ တော် သေ တ္တာ ကို ထုတ် ပြီး လျှင်၊ Ver CapítuloJudson Bible5 တပ်ချီချိန်ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည်လာ၍၊ အတွင်းကုလားကာကိုချပြီးလျှင်၊ သက်သေခံချက်သေတ္တာကို အုပ်ရမည်။ Ver Capítulo |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။