၁ ရာ 7:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာပြီး ထိုမြို့ရှိ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်လေ၏။ ထိုမြို့တွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုလည်း တည်ထားလေ၏။ Common Language Bible ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။ Garrad Bible ကိုယ့် အိမ် ရှိ ရာ ရာ မ မြို့ သို့ ပြန် သွား၍ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး မြဲ အုပ် စိုး စီ ရင် လေ၏။ ၎င်း မြို့ တွင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို လည်း တည် လေ သ တည်း။ Judson Bible ပြန်လာသောအခါ၊ မိမိအိမ်ရှိသော ရာမမြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်း ဣသရေလအမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြောစီရင်လျက်၊ ထာဝရဘုရားဖို့ ယဇ်ပလ္လင်ကိုတည်လျက်နေလေ၏။ |
သူသည် ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍ ထိုအရပ်ကို ဧလဗေသလ ဟုခေါ်၏။ အကြောင်းမူကား သူသည် မိမိအစ်ကိုထံမှထွက်ပြေးစဉ်က ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူ၏။
သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။
သူသည် ရာမမြို့နှင့် ဗေသလမြို့အကြား၊ ဧဖရိမ်တောင်ပေါ်ရှိ ဒေဗောရစွန်ပလွံပင်အောက်၌ နေ၏။ အစ္စရေးအမျိုးသားတို့သည် စီရင်ဆုံးဖြတ်ချက်ခံယူရန် သူ့ထံသို့လာကြ၏။
ဂိဒေါင်သည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ “ငြိမ်သက်ခြင်းအရှင် ထာဝရဘုရား”ဟု မှည့်ခေါ်လေ၏။ ထိုယဇ်ပလ္လင်သည် အဗျေဇာအမျိုးသားတို့နေထိုင်ရာ ဩဖရမြို့တွင် ယနေ့တိုင်အောင် ရှိ၏။
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
သူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားအား ရှိခိုးကိုးကွယ်ပြီးလျှင် မိမိတို့အိမ်ရှိရာ ရာမမြို့သို့ ပြန်လာကြ၏။ ထို့နောက်တွင် ဧလကာနသည် မိမိ၏မယားဟန္နနှင့်ဆက်ဆံ၏။ ထာဝရဘုရားသည်လည်း ဟန္နကို အောက်မေ့တော်မူသဖြင့်
လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။
ရှောလုမင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လေ၏။ ထိုယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ ရှောလုမင်းကြီးပထမဦးဆုံးတည်သောယဇ်ပလ္လင်ဖြစ်၏။
ထို့နောက် ရှမွေလသည် ရာမမြို့သို့ပြန်သွား၍ ရှောလုမင်းကြီးမူကား ဂိဗာမြို့ရှိ မိမိနန်းတော်သို့ တက်သွား၏။
ထို့နောက် ဧလကာနသည် မိမိအိမ်ရှိရာ ရာမမြို့သို့ပြန်လာ၏။ သူငယ်မူကား ယဇ်ပုရောဟိတ်ဧလိထံပါး၊ ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုထမ်းဆောင်လေ၏။
ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။
ထို့ကြောင့် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည် စုဝေးပြီး ရာမမြို့၌နေထိုင်သော ရှမွေလထံသို့လာ၍
သူတို့ကလည်း “ရှိပါ၏။ ကြည့်ရှုလော့။ သင်တို့ရှေ့၌ သွားလျက်ရှိပါ၏။ အလျင်အမြန်လိုက်သွားပါလော့။ ယနေ့တွင် လူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်၌ ယဇ်ပူဇော်ကြမည်ဖြစ်၍ ဤမြို့သို့ ယခု သူရောက်လာပါ၏။