၁ ရာ 11:15 - မြန်မာ့စံမီသမ္မာကျမ်း15 လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။ Ver CapítuloCommon Language Bible15 သို့ဖြစ်၍သူတို့အားလုံးပင်ဂိလဂါလ မြို့သို့သွားပြီးလျှင် သန့်ရှင်းရာဌာနတော် တွင်ရှောလုအားဘုရင်အဖြစ်ကြွေးကြော် တင်မြှောက်ကြလေသည်။ သူတို့သည်မိတ် သဟာယယဇ်ကိုပူဇော်ကြ၏။ ရှောလုနှင့် ဣသရေလအမျိုးသားတစ်ရပ်လုံးသည် လည်းပျော်ပွဲရွှင်ပွဲကိုဆင်နွှဲကြ၏။ Ver CapítuloGarrad Bible15 တစ် မျိုး လုံး ဂိ လ ဂါ လ မြို့ သို့ သွား ရောက် ပြီး လျှင် ထို မြို့၌ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ရှော လု ကို ဘု ရင် အ ဖြစ် တင် မြှောက် ကြ လေ၏။ ထို မြို့ တွင် ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် လျက် ရှော လု မင်း နှင့် တ ကွ ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ သည် အား ရ ဝမ်း မြောက် ကြ ကုန် ၏။ Ver CapítuloJudson Bible15 လူအပေါင်းတို့သည် ဂိလဂါလမြို့သို့သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိတ်သဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။ Ver Capítulo |
ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင်