ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
၁ ရာ 13:18 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်ကြောင်းမှာ ဗေသောရုန်မြို့သို့သွားသောလမ်းအတိုင်းသွား၏။ ကျန်တစ်ကြောင်းမှာ ဇေဘိုင်ချိုင့်ဝှမ်းကိုအပေါ်စီးမှမြင်ရသောနယ်စပ်လမ်းအတိုင်း တောကန္တာရဘက်သို့ သွား၏။ Common Language Bible နောက်တစ်စုသည်ဗေသောရုန်မြို့ရှိရာသို့ လည်းကောင်း၊ ကျန်တစ်စုကားဇေဘိုင်ချိုင့်ဝှမ်း နှင့်တောကန္တာရကိုမျက်နှာမူလျက်ရှိသော နယ်စပ်လမ်းသို့လည်းကောင်းလိုက်သွားကြ သည်။ Garrad Bible တစ် သွယ် ကား ဗေ သော ရုန် မြို့ လမ်း သို့ လည်း ကောင်း၊ တစ်သွယ် ကား သဲ က န္တာ ရ အ နီး ဇေ ဘိုင် ချိုင့် နှင့် ရင် ဆိုင်၊ နယ် စပ် လမ်း သို့ လည်း ကောင်း လွှင့် သွား ကြ သ တည်း။ Judson Bible တစ်တပ်သည် ဗေသောရုန်မြို့လမ်းသို့ လိုက်၏။ တစ်တပ်သည် တောဘက်မှာ ဇေဘိုင်ချိုင့်ကို မျက်နှာပြုသော ပြည်စွန်းလမ်းသို့လိုက်၏။ |
ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။
ယောကမံမြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေသောရုန်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
မြို့ရိုးများ၊ မြို့တံခါးများ၊ ကန့်လန့်ကျင်များပါရှိသည့် ခံတပ်မြို့ဖြစ်သော အထက်ဗေသောရုန်မြို့နှင့် အောက်ဗေသောရုန်မြို့တို့ကိုလည်း ပြန်လည်တည်ဆောက်၏။
အို ဧဖရိမ်၊ သင့်ကို မည်သို့စွန့်ပစ်နိုင်မည်နည်း။ အို အစ္စရေး၊ သင့်ကို မည်သို့အပ်နှံနိုင်မည်နည်း။ အာဒမာမြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့ကဲ့သို့ သင့်ကိုမည်သို့ဖြစ်စေနိုင်မည်နည်း။ ငါသည် စိတ်ပြောင်းပြီး သနားကြင်နာစိတ် တစ်စတစ်စတိုးပွားလာပြီ။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။
ဧဖရိမ်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေကား ဤသို့တည်း။ သူတို့ရရှိသောအမွေမြေနယ်နိမိတ်မှာ အရှေ့ဘက် အတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့တိုင်အောင် ဖြစ်၏။
တပ်စခန်းအတွင်း အပြင်ရှိ ကင်းတပ်သားအားလုံး ကြောက်ရွံ့ကြကုန်၏။ အသေခံတပ်သားများလည်း ထိတ်လန့်ကြလေ၏။ ထိုစဉ်တွင် ငလျင်ပါလှုပ်သဖြင့် ပို၍ကြောက်ရွံ့ကြလေ၏။