ယောရှု 10:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။ Ver CapítuloCommon Language Bible11 ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။ Ver CapítuloGarrad Bible11 ထို သို့ ဣ သ ရေ လ တပ် ရှေ့ ဗေ သော ရုန် မြို့ အ ဆင်း လမ်း ဖြင့် ပြေး ကြ စဉ်၊ ထာ ဝ ရ ဘု ရား သည် အ ဇေ ကာ မြို့ တိုင် အောင် လမ်း တစ် လျှောက် ကြီး စွာ သော မိုး သီး များ ကို သွန် ချ တော် မူ သည် နှင့် မိုး သီး ကြောင့် သေ သူ တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ဓား ကြောင့် သေ သည် ထက် များ သ တည်း။ Ver CapítuloJudson Bible11 ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုးကောင်းကင်မှ ကြီးစွာသော မိုးသီးကို အဇေကာမြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ဓားကြောင့်သေသည်ထက် မိုးသီးကြောင့် သာ၍သေကြ၏။ Ver Capítulo |