နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။ မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
၁ ကော 12:17 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိဖြစ်လျှင် မည်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားဖြစ်လျှင် မည်သို့အနံ့ရနိုင်မည်နည်း။ Common Language Bible ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။- Garrad Bible တစ် ကိုယ် လုံး သည် စ က္ခု ဖြစ် လျှင် သ ဒ္ဒါ ရုံ အ ဘယ် မှာ နည်း။ တစ် ကိုယ် လုံး သည် သော တ ဖြစ် လျှင် ဂ န္ဓာ ရုံ အ ဘယ် မှာ နည်း။ Judson Bible တစ်ကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တစ်ကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိဖြစ်လျှင် မည်သို့ ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားဖြစ်လျှင် မည်သို့အနံ့ရနိုင်မည်နည်း။ |
နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။ မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
ကြားတတ်သောနား၊ မြင်တတ်သောမျက်စိ၊ ဤအရာနှစ်ပါးစလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူ၏။
နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
သို့ရာတွင် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအင်္ဂါအစိတ်အပိုင်းများကို ကိုယ်ခန္ဓာ၌ အသီးသီးပြင်ဆင်ပေးတော်မူ၏။
မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။
အားလုံးသည် တမန်တော်ဖြစ်သလော။ အားလုံးသည် ပရောဖက်ဖြစ်သလော။ အားလုံးသည် ဆရာဖြစ်သလော။ အားလုံးသည် တန်ခိုးလက္ခဏာပြုသောသူဖြစ်သလော။
(ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် တစ်စုံတစ်ဦးက ဘုရားသခင်ထံ သွားရောက်မေးမြန်းလိုလျှင် “လာကြ။ စိတ်အာရုံရသူထံ သွားကြစို့”ဟု ဆိုလေ့ရှိ၏။ ယခု ပရောဖက်ဟု ခေါ်ဆိုသူကို ယခင်က စိတ်အာရုံရသူဟု ခေါ်ဆိုကြ၏။)