၁ ကော 12:18 - မြန်မာ့စံမီသမ္မာကျမ်း18 သို့ရာတွင် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအင်္ဂါအစိတ်အပိုင်းများကို ကိုယ်ခန္ဓာ၌ အသီးသီးပြင်ဆင်ပေးတော်မူ၏။ Ver CapítuloCommon Language Bible18 သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။- Ver CapítuloGarrad Bible18 သို့ ရာ တွင် ဘု ရား သ ခင် သည် အ လို တော် အ လျောက် ကိုယ် ခ န္ဓာ တွင် အင်္ဂါ အ သီး အ သီး ကို ထား တော် မူ ပြီ။ Ver CapítuloJudson Bible18 ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးအသီးတို့ကို ကိုယ်၌ စီရင်ခန့်ထားတော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း18 သို့သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီကို အလိုတော်ရှိသည့်အတိုင်း ကိုယ်ခန္ဓာ၌ အသီးသီး နေရာချတော်မူ၏။ Ver Capítulo |
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။