ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။
ဟေရှာယ 7:9 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ Common Language Bible ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။'' ``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Judson Bible ဒမာသက်မြို့၏ ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရမည်။ ဧဖရိမ်ပြည်၏ခေါင်းကား၊ ရှမာရိမြို့။ ရှမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏။ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှာ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။ |
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။
‘သတိပြုလျက် ငြိမ်ဝပ်စွာနေလော့။ မီးခိုးထွက်နေသောထင်းစနှစ်ခုနှင့်တူသော ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားတို့ ပြင်းစွာအမျက်ထွက်သည်ကို မကြောက်နှင့်။ စိတ်မပျက်နှင့်။
အကြောင်းမူကား ထိုသူငယ်သည် အဖေ၊ အမေဟု မခေါ်တတ်မီ ဒမတ်စကပ်မြို့၏ဥစ္စာပစ္စည်း၊ ရှမာရိမြို့၏လုယက်ပစ္စည်းတို့ကို အဆီးရီးယားဘုရင် သိမ်းယူသွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ဧဖရိမ်အမျိုးနှင့် ရှမာရိမြို့၌နေထိုင်သောလူအပေါင်းတို့သည် ကြားသိကြလိမ့်မည်။ သူတို့သည် ခက်ထန်မောက်မာသောစိတ်ဖြင့်
ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။
ဤအရာအလုံးစုံတို့သည် ယာကုပ်အမျိုးအနွယ်၏ပုန်ကန်မှု၊ အစ္စရေးအမျိုးအနွယ်၏အပြစ်ကျူးလွန်မှုကြောင့် ဖြစ်၏။ ယာကုပ်၏ပုန်ကန်မှုကား အဘယ်အရာနည်း။ ရှမာရိမြို့မဟုတ်လော။ ယုဒ၏အထွတ်အမြတ်ထားရာကား အဘယ်အရာနည်း။ ဂျေရုဆလင်မြို့မဟုတ်လော။
သို့သော် တပ်မှူးသည် ပေါလုပြောဆိုသောစကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့ကို ပို၍ယုံ၏။
သို့ဖြစ်၍ မိတ်ဆွေတို့၊ အားမငယ်ကြနှင့်။ အကြောင်းမူကား အကျွန်ုပ်အားမိန့်တော်မူသည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်ယုံကြည်ပါသည်။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။