၁ ယော 5:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။ Ver CapítuloCommon Language Bible10 ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။- Ver CapítuloGarrad Bible10 ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သူ သည် ထို သက် သေ တော် ကို ကိုယ်၌ ရ ရှိ၏။ ဘု ရား သ ခင် ကို မ ယုံ ကြည် သူ မူ ကား သား တော် နှင့် စပ်၍ ခံ တော် မူ သော သက် သေ ကို မ ယုံ သော ကြောင့် မု သာ သုံး တော် မူ သည် ဟု ဆို ရာ ရောက် ၏။ Ver CapítuloJudson Bible10 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသားအပြစ်တင်၏။ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူတိုင်းသည် ဤသက်သေခံချက် မှန်ကန်ကြောင်းကို လက်ခံ၏။ ဘုရားသခင်ကို မယုံကြည်သောသူမှာမူ ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိသားတော်အကြောင်း သက်သေခံတော်မူသည်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။ Ver Capítulo |