ဟေရှာယ 45:19 - မြန်မာ့စံမီသမ္မာကျမ်း
ငါသည် မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက်စွာမမြွက်ဆို။ ယာကုပ်၏သားစဉ်မြေးဆက်အား “ငါ့ကို အချည်းနှီးရှာကြလော့”ဟု ငါမပြော။ ငါသည် ဖြောင့်မတ်သောစကားကို မြွက်ဆို၍ ဟုတ်မှန်သောအရာတို့ကို ဖော်ပြသော ထာဝရဘုရားဖြစ်၏။
Ver Capítulo
ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
Ver Capítulo
ငါ သည် မှောင် ကျ ရာ ပြည်၌၊ ဗျာ ဒိတ် ကို ကွယ် ဝှက် စွာ ပေး ခဲ့ သည် မ ဟုတ်။ ယာ ကုပ် အ မျိုး အ နွယ် တို့ အား လည်း၊ အ ကျိုး မဲ့ ရှာ ဖွေ ကြ လော့ ဟု မိန့် ခဲ့ သည် မ ဟုတ်။ ငါ ထာ ဝ ရ ဘု ရား သည် ဖြောင့် မှန် စွာ ဗျာ ဒိတ် ထား လျက်၊ ဟုတ် မှန် စွာ ဖော် ပြ၏။
Ver Capítulo
ငါသည် တိတ်ဆိတ်စွာ မဟော။ မြေကြီးထဲမှာ မှောင်မိုက်သောအရပ်၌ မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ကိုရှာကြလော့ဟု ယာကုပ်အမျိုးအား ငါမပြော။ ငါသည် ဖြောင့်မတ်စွာပြော၍ အတည့်အလင်း ဟောတတ်သော ထာဝရဘုရားဖြစ်၏။
Ver Capítulo