အာမုတ် 5:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထာဝရဘုရားက အစ္စရေးအမျိုးအနွယ်အား “အသက်ချမ်းသာရာရမည့်အကြောင်း ငါ့ကိုရှာကြလော့။ Ver CapítuloCommon Language Bible4 ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။- Ver CapítuloGarrad Bible4-5 ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား က၊ သုံ့ ဘမ်း သိမ်း သွား ခံ ရ အံ့ သော ဂိ လ ဂါ လ မြို့ ကို ရှာ ဖွေ ခြင်း၊ အ လ ဟဿ ဖြစ် အံ့ သော ဗေ သ လ မြို့ သို့ ဝင် ရောက် ခြင်း၊ ဗေ ရ ရှေ ဘ မြို့ သို့ သွား ခြင်း ကို မ ပြု ဘဲ၊ ငါ့ ကို ရှာ ဖွေ ၍ အ သက် ချမ်း သာ ရ ကြ လော့ ဟု မိန့် တော် မူ ၏။ Ver CapítuloJudson Bible4 ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ Ver Capítulo |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။