၁ ရာချုပ် 28:8 - မြန်မာ့စံမီသမ္မာကျမ်း8 သို့ဖြစ်၍ ထာဝရဘုရား၏လူထုဖြစ်သော အစ္စရေးလူမျိုးတစ်မျိုးလုံးရှေ့၊ ငါတို့ဘုရားသခင်ကြားတော်မူသောအရပ်တွင် ငါပြောမည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်အလုံးစုံကို ရှာဖွေ၍စောင့်ထိန်းကြလော့။ သို့မှ သင်တို့သည် ကောင်းမွန်သာယာသောပြည်ကို ပိုင်ဆိုင်ရ၍ သင်တို့၏သားမြေးတို့လည်း အစဉ်အမွေဆက်ခံရမည်။ Ver CapítuloCommon Language Bible8 ``သို့ဖြစ်၍သင်တို့အား ငါသည်ဘုရားသခင်၏လူပရိတ်သတ်ရှေ့တော်၌လည်း ကောင်း၊ ကိုယ်တော်၏လူမျိုးတော်တည်း ဟူသော ဣသရေလအမျိုးသားလူထု ကြီး၏ရှေ့၌လည်းကောင်း၊ သင်တို့အား တာဝန်ပေးအပ်ပါ၏။ သင်တို့သည်ငါ တို့ဘုရားသခင်ထာဝရဘုရားပညတ် တော်မူသမျှတို့ကို တိကျစွာလိုက်နာ ကြလော့။ သို့မှသာလျှင်သင်တို့သည် ဤပြည်ကောင်းပြည်မြတ်ကိုဆက်လက် ပိုင်ဆိုင်ရကြလျက် မိမိတို့၏သားမြေး အားအဆက်မပြတ်လွှဲပြောင်းပေး အပ်နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Ver CapítuloGarrad Bible8 သို့ ဖြစ်၍ ဤ ပြည် ကို ပိုင် ရ လျက် သား စဉ် မြေး ဆက်၊ ဆက် ခံ ခွင့် ရှိ ကြ စေ ရန် ငါ တို့ ဘု ရား သ ခင့် မျက် မှောက် တော် တွင် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် တော် တည်း ဟူ သော ဣ သ ရေ လ တစ် မျိုး လုံး ရှေ့ တွင် လည်း ကောင်း ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် များ ကို အ ကြွင်း မဲ့ စီ စစ် လိုက် လျှောက် ကြ လော့။ Ver CapítuloJudson Bible8 သို့ဖြစ်၍ သင်တို့သည် ဤကောင်းသောပြည်ကိုပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဖို့ ချန်ထားလိုသောငှာ၊ ထာဝရဘုရား၏ပရိသတ်တည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့၌လည်းကောင်း၊ ငါတို့ဘုရားသခင့် အထံတော်၌လည်းကောင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်ရှိသမျှတို့ကို ရှာ၍ စောင့်ရှောက်ကြလော့။ Ver Capítulo |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
သို့ဖြစ်၍ သင်တို့၏သမီးများကို သူတို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့၏သမီးများကိုလည်း သင်တို့၏သားများနှင့် မပေးစားကြနှင့်။ သူတို့ အစဉ်အေးအေးချမ်းချမ်းနေရဖို့၊ ကောင်းစားဖို့ သင်တို့မပြုကြနှင့်။ သို့မှ သင်တို့သည် အင်အားကြီးမည်။ ကောင်းသောပြည်ထွက်အစားအစာများကို စားရမည်။ သင်တို့၏သားမြေးတို့သည်လည်း ထိုပြည်ကို အစဉ်ပိုင်ဆိုင်နိုင်လိမ့်မည်’ဟု မိန့်ဆိုတော်မူပြီ။