ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
သူကြီး 3:3 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။ Common Language Bible ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။- Garrad Bible ဖိ လိ တ္တိ မင်း ငါး ပါး နှင့် ခါ န နိ လူ မျိုး၊ ဇိ ဒုန် လူ မျိုး၊ ဗာ လ ဟေ ရ မုန် တောင် မှ စ၍ ဟာ မတ် မြို့ လမ်း ဝ တိုင် အောင် လေ ဗ နုန် တောင် ပေါ် မှာ နေ ထိုင် သော ဟိ ဝိ လူ မျိုး တို့ တည်း။ Judson Bible ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။ |
ဇာဗုလုန်သည် ပင်လယ်ကမ်းခြေ၌နေထိုင်၍ သူသည် သင်္ဘောဆိပ်ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဆီဒုန်မြို့တိုင်အောင်ရောက်လိမ့်မည်။
ထိုမှ တိုင်ရာခံတပ်မြို့၊ ဟိဝိလူမျိုးနှင့် ခါနာန်လူမျိုးတို့ နေထိုင်ရာမြို့ရှိသမျှတို့သို့ သွား၏။ ယုဒပြည်၊ နေဂေ့အရပ်ရှိဗေရရှေဘမြို့သို့လည်း သွားကြ၏။
ထိုအချိန်တွင်ပင် ရှောလမုန်မင်းကြီးသည် လီဘိုဟာမတ်အရပ်မှ အီဂျစ်မြစ်တိုင်အောင် အရပ်ရပ်မှရောက်လာသော အစ္စရေးလူအုပ်ကြီးနှင့်အတူ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပြီး နောက်ထပ်ခုနစ်ရက် စုစုပေါင်းတစ်ဆယ့်လေးရက်တိုင် ပွဲတော်ကျင်းပလေ၏။
အစ္စရေးလူမျိုးမဟုတ်သော အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထဲမှ ကြွင်းကျန်သောလူမျိုးအားလုံးနှင့်
အနောက်ဘက်ခြမ်းတွင် မြေထဲပင်လယ်မှ လီဘိုဟာမတ်မျက်နှာမူရာအရပ်နယ်နိမိတ်အထိ ဖြစ်၏။ ဤသည်ကား အနောက်ဘက်နယ်နိမိတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။
ခရီးစပြုကြလော့။ အာမောရိတောင်ပေါ်ဒေသနှင့် ထိုဒေသအနီးရှိ အရာဗလွင်ပြင်၊ တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ နေဂေ့အရပ်သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေဒေသသို့လည်းကောင်း၊ ခါနာန်ပြည်သို့လည်းကောင်း၊ လက်ဘနွန်တောင်မှ ယူဖရေးတီးမြစ်ကြီးတိုင်အောင်လည်းကောင်း လှည့်သွားလော့။
(ဟေရမုန်တောင်ကိုဆီဒုန်လူမျိုးတို့က စိရုန် ဟုခေါ်ကြ၍ အာမောရိလူမျိုးတို့က စနိရ ဟုခေါ်ကြ၏။)
ဂိဗောင်မြို့သား၊ ဟိဝိလူမျိုးတို့မှတစ်ပါး အခြားမည်သည့်မြို့မျှ အစ္စရေးလူမျိုးတို့ကို မိတ်မဖွဲ့ကြ။ ထို့ကြောင့် အခြားမြို့ရှိသမျှတို့ကို တိုက်ခိုက်သိမ်းပိုက်ကြလေ၏။
အရှေ့အနောက်တစ်ခွင်ရှိ ခါနာန်လူမျိုးများ၊ တောင်ပေါ်ဒေသရှိ အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ ဟေရမုန်တောင်ခြေ မိဇပါပြည်ရှိ ဟိဝိလူမျိုးများ စသည်တို့ထံသို့လည်းကောင်း သတင်းပို့လေ၏။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်
ဂေဗလပြည်၊ လက်ဘနွန်ပြည်အရှေ့ဘက်တစ်ခုလုံး၊ ဟေရမုန်တောင်ခြေရှိ ဗာလဂဒ်ပြည်မှ လီဘိုဟာမတ်ပြည်အထိဖြစ်၏။
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့မှ ဆီဒုန်မြို့ကြီးအထိ ဆက်သွား၏။
အစ္စရေးအမျိုးသားတို့ကလည်း “သင်တို့နှင့် မိတ်မဖွဲ့နိုင်။ သင်တို့သည် ငါတို့ အနီးအနား၌ နေထိုင်သူများလည်း ဖြစ်နိုင်ပါသည်”ဟု ဟိဝိလူမျိုးတို့အား ပြန်ပြော၏။
ဆီဒုန်လူမျိုး၊ အာမလက်လူမျိုး၊ မောနလူမျိုးတို့သည် သင်တို့ကို ညှဉ်းဆဲ၍ သင်တို့သည် ငါ့ကိုအော်ဟစ်သောအခါ ငါသည် သင်တို့ကို ထိုသူတို့လက်မှလည်း ကယ်တင်ခဲ့၏။
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ သူတို့ကို ဖိလိတ္တိလူမျိုး၊ အမ္မုန်လူမျိုးတို့လက်သို့ ရောင်းလိုက်လေ၏။
ဖိလိတ္တိလူမျိုးတို့ကို ရန်ရှာတိုက်ခိုက်ခွင့်ရအောင် ထာဝရဘုရားပြုတော်မူသည်ကို သူ့မိဘမသိ။ ထိုစဉ်က ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို အုပ်စိုးနေချိန်ဖြစ်၏။
ထို့နောက် ထိုလူငါးယောက်သည် ခရီးဆက်သွား၍ လဲရှမြို့သို့ရောက်သော် ထိုမြို့သားတို့သည် ဆီဒုန်လူမျိုးတို့စရိုက်အတိုင်း စိုးရိမ်ပူပန်မှုမရှိ၊ ဘေးအန္တရာယ်ကင်းကင်းနှင့် စိတ်အေးလက်အေးနေထိုင်ကြကြောင်း၊ ထိုပြည်သည် လိုလေသေးမရှိ စည်းစိမ်ဥစ္စာကြွယ်ဝကြောင်း၊ ဆီဒုန်မြို့နှင့်ကွာဝေးသည့်အပြင် မည်သူနှင့်မျှအဆက်အဆံမရှိကြောင်း စူးစမ်းသိရှိရကြ၏။
(ဤသည်ကား စစ်ပွဲအတွေ့အကြုံမရှိသေးသော အစ္စရေးလူမျိုး မျိုးဆက်သစ်များ စစ်မှုရေးရာ သင်ယူစေရန်ဖြစ်၏။)
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။
ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။
ဖိလိတ္တိမင်းတို့သည် ရာချီတပ်၊ ထောင်ချီတပ်တို့နှင့် ချီတက်ကြ၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည်လည်း အာခိတ်မင်းကြီးနှင့်အတူ သူတို့နောက်မှလိုက်၍ ချီသွားကြ၏။
ဖိလိတ္တိမင်းငါးပါးသည် ဤအဖြစ်အပျက်ကို ကြည့်ပြီး ထိုနေ့တွင်ပင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
ရွှေကြွက်ရုပ်များမှာ ခံတပ်မြို့နှင့် ကျေးလက်ဒေသများအပါအဝင် ဖိလိတ္တိမင်းငါးပါးအုပ်ချုပ်သောမြို့ရွာတို့၏အရေအတွက်အတိုင်း ဖြစ်၏။ ထာဝရဘုရား၏သေတ္တာတော်တင်ထားခဲ့သောကျောက်တုံးကြီးသည် ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲတွင် သက်သေအဖြစ် ရှိနေသေး၏။
ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။