Biblia Todo Logo
La Biblia Online
- Anuncios -




သူ​ကြီး 3:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဤ​လူမျိုး​တို့​ကို ချန်ထား​သည်​မှာ မောရှေ​မှတစ်ဆင့် ဘိုးဘေး​တို့​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို အစ္စရေး​လူမျိုး​တို့ နာခံ​မည်​၊ မ​နာခံ​မည်​ကို သိရှိ​နိုင်​မည့်​အကြောင်း စမ်းသပ်​ရန်​အတွက် ဖြစ်​၏​။

Ver Capítulo Copiar

Common Language Bible

4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။-

Ver Capítulo Copiar

Garrad Bible

4 ထို လူ မျိုး ခြား တို့ မှာ ဘိုး ဘေး တို့ အား မော ရှေ ဖြင့် မိန့် မှာ တော် မူ ခဲ့ သော ပ ညတ် များ ကို ဣ သ ရေ လ လူ မျိုး လိုက် နာ မည် မ လိုက် နာ မည် ကို အ ထင် အ ရှား စုံ စမ်း စေ ခြင်း ငှာ ကြွင်း ကျန် ကြ၏။

Ver Capítulo Copiar

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ဘိုး​ဘေး​တို့​ကို မှာ​ထား​တော်​မူ​သော ပ​ညတ်​များ​အ​တိုင်း​ကျင့်​မည် မ​ကျင့်​မည်​ကို​ထင်​ရှား​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​ကို စုံ​စမ်း​ဖို့​ရာ ဖြစ်​သ​တည်း။

Ver Capítulo Copiar




သူ​ကြီး 3:4
7 Referencias Cruzadas  

မောရှေ​သည်​လည်း ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​ရာ ထာဝရဘုရား​သည် သူ့​အား သစ်တုံး​တစ်​တုံး​ကို ညွှန်ပြ​၏​။ သူ​သည် ထို​သစ်တုံး​ကို​ရေ​ထဲသို့ ပစ်ချ​လိုက်​သော် ရေ​သည်​ချို​လေ​၏​။ ထာဝရဘုရား​သည် ထို​အရပ်​၌ သူ​တို့​အတွက် ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စီရင်​တော်မူ​၏​။ ထို​အရပ်​၌ သူ​တို့​ကို စမ်းသပ်​တော်မူ​၏​။


အမှန်စင်စစ် သင်​တို့​ထဲ၌ ယုံကြည်​စိတ်ချ​ရ​သူ​များ သိသာ​ထင်ရှား​လာ​မည့်​အကြောင်း သင်​တို့​တွင် ဂိုဏ်းကွဲ​ခြင်း​ရှိ​ရန်​လိုအပ်​ပေ​၏။


လေဝိ​အမျိုး​ကို​ကား​၊ ကိုယ်တော်​၏​သုမိမ်​နှင့်​ဥရိမ်​သည် မဿာ​အရပ်​၌ ကိုယ်တော်​စမ်းသပ်​သော​၊ မေရိဘ​စမ်းရေ​နား​၌ ကိုယ်တော်​ရန်တွေ့​သော ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ​ရှိ​ပါစေသော​။


ဤ​အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​ခဲ့​သည့် လမ်းခရီး​တစ်လျှောက်​ကို သင်​တို့​အောက်မေ့​ရ​မည်​။ ဤသည်မှာ ပညတ်တော်​များ​ကို သင်​တို့​စောင့်ထိန်း​လို​စိတ်​ရှိ​၊ မ​ရှိ သိ​မည့်​အကြောင်း​သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​နှိမ့်ချ​တော်မူ​၍ စမ်းသပ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။


အစ္စရေး​လူမျိုး​တို့​သည် ဘိုးဘေး​တို့​ကဲ့သို့ ထာဝရဘုရား​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို သိရှိ​ရန် ဤ​လူမျိုးခြား​များ​ဖြင့် သူ​တို့​ကို စမ်းသပ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ခါနာန်​ပြည်​စစ်ပွဲ​တွင် မ​ပါဝင်​ဖူး​သော​အစ္စရေး​လူမျိုး​များ​ကို စမ်းသပ်​ရန် ထာဝရဘုရား ချန်ထား​တော်မူ​သော လူမျိုး​များ​မှာ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos