ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
သုတ္တံကျမ်း။ 26:16 - မြန်မာ့စံမီသမ္မာကျမ်း ပျင်းရိသောသူသည် ဆင်ခြင်တုံတရားဖြင့် ဖြေကြားနိုင်သူခုနစ်ဦးထက် ပညာရှိသည်ဟု ကိုယ့်ကိုယ်ကိုယ်ထင်မြင်တတ်၏။ Common Language Bible ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။ Garrad Bible လိ မ္မာ စွာ တုံ့ ပြန် တတ် သူ ခု နစ် ယောက် တို့ ထက်၊ ကိုယ်၌ ပ ညာ ရှိ သည် ဟု၊ ပျင်း ရိ သူ ထင် တတ်၏။ Judson Bible ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည်ဟု ကိုယ်ကိုထင်တတ်၏။ |
ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။
ငါ့သား၊ ဉာဏ်ပညာရှိလော့။ ငါ၏စိတ်နှလုံးကိုလည်း ဝမ်းမြောက်စေလော့။ သို့ပြုလျှင် ငါ့ကိုကဲ့ရဲ့ပြစ်တင်သောသူအား တုံ့ပြန်ပြောဆိုနိုင်လိမ့်မည်။
အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့သွား၍ ၎င်း၏လုပ်ဆောင်မှုတို့ကိုကြည့်ရှုဆင်ခြင်လျက် ဉာဏ်ပညာရှိလော့။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။