Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 26:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 မိမိကိုယ်ကို ပညာရှိ​ဟု ထင်မြင်​သော​သူ​ကို သင်​တွေ့မြင်​သလော​။ ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။

Ver Capítulo Copiar

Common Language Bible

12 ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။

Ver Capítulo Copiar

Garrad Bible

12 ကိုယ်၌ ဉာဏ် ရှိ သည် ဟု ထင် သော သူ့ ကို တွေ့ ရှိ သ လော။ ထို သူ ထက်၊ မိုက် မဲ သော သူ အ ဖို့ မျှော် လင့် ရာ အ ကြောင်း ရှိ သေး၏။

Ver Capítulo Copiar

Judson Bible

12 ငါ​သည် ပ​ညာ​ရှိ၏​ဟု​ထင်​သော​သူ​ရှိ​လျှင်၊ ထို​သူ၌ မျှော်​လင့်​စ​ရာ အ​ခွင့်​ရှိ​သည်​ထက်၊ မိုက်​သော​သူ၌ သာ၍ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 26:12
17 Referencias Cruzadas  

ဆိုးမိုက်​သော​သူ​သည် မိမိ​ပြုမူကျင့်ကြံ​သော​အမှုအရာ​ကို မှန်​သည်​ဟု ထင်မြင်​တတ်​၏​။ ပညာရှိ​သော​သူ​မူကား အကြံဉာဏ်​ကို​နားထောင်​တတ်​၏​။


မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။


ပျင်းရိ​သော​သူ​သည် ဆင်ခြင်တုံတရား​ဖြင့် ဖြေကြား​နိုင်​သူ​ခုနစ်​ဦး​ထက် ပညာရှိ​သည်​ဟု ကိုယ့်ကိုယ်ကိုယ်​ထင်မြင်​တတ်​၏​။


မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ ဖြေကြား​လော့​။ သို့မဟုတ်လျှင် သူ​သည် မိမိကိုယ်ကို​ပညာရှိ​ဟု ထင်မြင်​လိမ့်မည်​။


ချမ်းသာ​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု ထင်မြင်​တတ်​၏​။ သို့သော် အသိဉာဏ်​ရှိ​သော​ဆင်းရဲသား​သည် သူ့​ကို​စစ်ကြော​လိမ့်မည်​။


မိမိ​စိတ်နှလုံး​ကို ကိုးစား​သော​သူ​သည် မိုက်မဲ​သော​သူ​ဖြစ်​၏​။ ဉာဏ်ပညာ​အားဖြင့်​လျှောက်လှမ်း​သော​သူ​မူကား ဘေးလွတ်​လိမ့်မည်​။


အလျင်စလို​စကား​ပြောဆို​တတ်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​ထက် မိုက်မဲ​သော​သူ​၌ ပို၍​မျှော်လင့်ချက်​ရှိ​၏​။


ကိုယ့်ကိုယ်ကိုယ် ပညာရှိ​ဟု မ​ထင်မြင်​နှင့်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​၍ မကောင်းမှု​မှ​ဖယ်ခွာ​လော့​။


မိမိကိုယ်မိမိ​ပညာရှိ​သူ​၊ အသိဉာဏ်​ရှိ​သူ​ဟု ထင်မှတ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


ထို​သား​နှစ်​ယောက်​တို့​တွင် မည်သူ​သည် ဖခင်​၏​အလို​ကို​ဆောင်ရွက်​ခဲ့​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ပထမ​သား​ဖြစ်​သည်”​ဟု ဖြေ​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား အခွန်​ကောက်ခံ​သူ​တို့​နှင့်​ပြည့်တန်ဆာ​တို့​သည် သင်​တို့​ထက်​အလျင်​ဦးစွာ ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်​ကြ​၏။


ဖာရိရှဲ​သည် တစ်ဦးတည်း​ရပ်​လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်​သည် အခြား​သူ​များ​ကဲ့သို့ လိမ်လည်​လုယူ​သော​သူ၊ မ​ဖြောင့်မတ်​သော​သူ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သော​သူ​မ​ဟုတ်​သည့်​အပြင် ဤ​အခွန်​ကောက်ခံ​သူ​ကဲ့သို့​လည်း မ​ဟုတ်​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။


ထို့နောက် အမျိုးသမီး​ဘက်​သို့​လှည့်​တော်မူ​၍ ရှိမုန်​အား“ဤ​အမျိုးသမီး​ကို​မြင်​သလော။ ငါ​သည် သင်​၏​အိမ်​သို့​ဝင်​စဉ် သင်​သည် ငါ့​အတွက်​ခြေ​ဆေး​ရေ​ကို​မ​ပေး။ သို့သော် သူ​သည် မျက်ရည်​ဖြင့် ငါ့​ခြေ​ကို​စို​စေ​၍ မိမိ​ဆံပင်​ဖြင့်​သုတ်​ပေး​၏။


ယေရှု​က​လည်း“သင်​တို့​သည် မျက်မမြင်​များ​ဖြစ်​ခဲ့​ကြ​လျှင် သင်​တို့​၌​အပြစ်​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့ရာတွင် ‘ငါ​တို့​မြင်​သည်’​ဟု သင်​တို့​ယခု​ဆို​နေ​ကြ​သဖြင့် သင်​တို့​၏​အပြစ်​သည် တည်မြဲ​တည်​၏။


အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​လော့။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ အခြေအနေ​နိမ့်ပါး​သော​သူ​တို့​နှင့် ပေါင်းသင်း​ဆက်ဆံ​ကြ​လော့။ မိမိတို့ကိုယ်ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍ မ​ထင်မှတ်​ကြ​နှင့်။


သင်​က ‘ငါ​သည် ချမ်းသာ​၍​ကြွယ်ဝ​သောကြောင့် မည်သည့်​လိုအပ်​ချက်​မျှ​မ​ရှိ’ဟု ဆို​နေ​၏။ သို့သော် သင်​သည် အလွန်​စိတ်ပျက်​ဖွယ်​ကောင်း​သော​သူ၊ သနား​စရာ​ကောင်း​သော​သူ၊ ဆင်းရဲ​သော​သူ၊ မျက်စိ​မ​မြင်​သော​သူ​နှင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​သော​သူ​ဖြစ်​ကြောင်း​ကို သင်​မ​သိ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos